-
Movie Name
-
Steps To Star (ကြယ်တာရာဆီသို့)(2020)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0530
-
Type
-
Series
-
Size
-
17 GB
-
Country
-
Thai
-
Description
-
1-24 Completed
လူတိုင်းရဲ့ဘဝမှာ ရည်ရွယ်ထားတဲ့ “ကြယ်တာရာ”ပန်းတိုင် ကိုယ်စီရှိကြပါတယ်…
ကြီးလာရင် ဆရာဝန်ဖြစ်ရမယ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရမယ်
ဒီနှစ်ထဲမှာ ငွေဘယ်လောက် ရှာနိုင်ရမယ်
အသက် ဘယ်လောက်ရောက်ရင် အိမ်တစ်လုံး ပိုင်ရမယ်
တစ်နှစ်နဲ့ တစ်နှစ် တိုးလာတိုင်း အရင်နဲ့ မတူတဲ့ လူပဲ ဖြစ်ရမယ်
စသဖြင့် လူတိုင်းမှာ မျှော်မှန်းချက် ကြယ်တာရာ အသီးသီးရှိကြပါတယ်…
လူတိုင်းအတွက် အောင်မြင်မှု ကြယ်တာရာချင်းက မတူညီပေမယ့်
တူညီတာတစ်ခုက မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ အချက်ပါပဲ….
ဒါပေမယ့် တစ်ချို့လူတွေက သူတို့ မျှော်မှန်းရာ ကြယ်တာရာဆီကို ရောက်ဖို့ ဖြတ်လမ်းနဲ့ လိုက်ကြတယ်…
အဲ့ဒီအခါမှ အလွယ်လိုက်လို့ စေလိုရာ ကြယ်တာရာဆီကို မရောက်တော့ပဲ
သူတို့ဘဝတွေ အဖန်ဖန် ပြိုလဲ ပျက်စီကြတော့တယ်…
ဒါကြောင့်မို့ မိမိစိတ်ကူးယဉ်ထားတဲ့ ကြယ်တာရာကို ရောက်ဖို့
ဖြတ်လမ်းမလိုက်ရဘူး ရိုးသားဖြောင့်မတ်ရမယ် သစ္စာစောင့်သိရမယ်…
မိမိ ကြယ်တာရာပန်းတိုင်သည် ဘယ်လောက်ပဲ ဝေးကွာပါစေ
အပတ်တကုတ် ကြိုးစားမှုနဲ့ ဖြူစင်ရိုးသားသော စိတ် ထားရှိမှသာ
မျှော်မှန်းရာ ကြယ်တာရာဆီ အစစ်အမှန်ရောက်ရှိမှာပဲ ဖြစ်ပါတယ်…
ဒီဇာတ်လမ်းသည်လည်း အောင်မြင်မှုကြယ်တာရာဆီကို အရောက်သွားဖို့
စိတ်ကူးယဉ်အိပ်မက်ကိုယ်စီ ရှိကြတဲ့ချစ်သူနှစ်ဦး အကြောင်းပဲ ဖြစ်ပါတယ်…
တက္ကသိုလ်ကျောင်းတက်စဉ် ကာလကတည်းက ရည်းစားတွေဖြစ်ခဲ့ရာကနေ
တစ်ဘဝလုံးအထိ ပုံအပ်ပြီး ပျော်ရွှင်စရာ မိသားစုတစ်ခု တည်ဆောက်ဖို့ထိ ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦး…
သူတို့ မျှော်မှန်းရာ ကြယ်တာရာက အလှမ်းဝေးလွန်းနေတဲ့အခါ…..
ကြယ်တာရာဆီကို ရောက်ဖို့ ကြိုးစားနေရင်း
အထင်လွဲ အမြင်လွဲမှုနဲ့ အိမ်ထောင်ရေးမှာ ပြဿနာရှိနေတဲ့
ချမ်းသာအသိုင်းအဝိုင်းက လင်မယားနှစ်ယောက်အကြားမှာ ကြားညှပ်သွားခဲ့ရာ…
ပေါ်ပေါက်လာတဲ့ လေးပွင့်ဆိုင် အချစ်ကြားထဲမှာ
သူတို့မျှော်လင့်ရာ ကြယ်တာရာဆီကို အရောက်လှမ်းနိုင်ပါ့မလား??