-
Movie Name
-
Shanghai Knight (2022)
-
Year
-
2022
-
Generes
-
Action, Crime
-
Code
-
CN0292
-
Type
-
Movie
-
Size
-
762 MB
-
Country
-
Hollywood
-
Description
-
စစ်အေးခေတ် ဗြိတိသျှနေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ခေတ်ကာလတစ်ခုမှာ
တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်တွေ ကြီးစိုးနေတဲ့ အချိန်ပေါ့၊
ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းကနေ စီးပွားရှာနေသူပေါ့၊
သူနဲ့စီးပွားပြိုင်ဖက်ကတော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူဌေးတစ်ယောက်ပါ၊
ဆိပ်ကမ်းပိုင်သူဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲတွေ ပဋိပက္ခတွေအမြဲဖြစ်လေ့ရှိတဲ့ ကမ္ဘာ့ရန်သဖွယ် ဖြစ်နေကြသူတွေပါ။
ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကိုတော့ အထူးခုံမင်ကြပါတယ်၊
ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် လောင်းကြေး ထပ်ကာ အဆုံးသတ်ဖို့သဘောတူခဲ့ကြပါတယ်၊
မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အကောင်းဆုံးထိန်းကျောင်းနိုင်တဲ့ ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် အလောင်းစား လုပ်ထားတဲ့ပွဲမှာ ဂျော်ကီကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။
အဆိုပါဂျော်ကီနေရာကို လုပ်ငန်းရှင်၂ဦးက မာယွန်ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊
သူက လူရိုးလူဖြောင့်ဖြစ်သလို အလုပ်သမားတွေရဲ့ နစ်နာဆုံးရှူံးမှုတွေတန်ရာတန်ကြေးပြန်ရဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်တွေ့ဖြေရှင်းတတ်တဲ့ သူတစ်ယောက်ပါ၊
မြင်းစီးပညာလည်း ထူးချွန်တာဖြစ်လို့ ဂျင်ဂွမ်ယုံရော အုချီယမရောက သူ့ကို ဂျော်ကီအဖြစ်ခေါ်ယူချင်နေတာပါ။
အလောင်းအစားတစ်ခုနဲ့ အရာအားလုံးရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူကဗိုလ်ဝင်ခံမှာလဲ
၂ဖက်လုံးခေါ်ယူချင်တဲ့ မာယွန်ဖေးက ဘယ်သူ့ဘက်က ရပ်တည်မလဲ
မြွေမြွေချင်း ခြေမြင်၊ ကတုံးပေါ် ထိပ်ကွက်ဖို့ပဲ ကြံနေတဲ့ ဒိတ်ဒိတ်ကြဲ သူဌေး၂ဦးရဲ့ အားပြိုင်ပွဲမှာ ဘယ်လိုလှည့်ကွက်တွေ၊ နောက်ကျောဓါးထိုးမှုတွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ၊
တရုတ်ကားဆို CGI အများကြီး ပါဝင်တဲ့ သိုင်းကားတွေပဲ အထွက်များနေတဲ့အချိန် ကိုလိုနီခေတ် ဂိုဏ်းအားပြိုင်မှုတွေ ပြန်မြင်တွေ့ခွင့်ရတာတမျိုးထူးခြားတာမို့ ကြည့်ရှူခံစားကြည့်လိုက်ပါဦး။