Movie Name
Makkali The Love Tree (မက်ကလီ အချစ်ပင်) (2022)
Year
2022
Generes
Fantasy, Romance
Code
ST0531
Type
Series
Size
17.7 GB
Country
Thai
Description
1-29 Completed Makkali The Love Tree (2022) အစ / အဆုံး “မက်ကလီ အချစ်ပင်” ———————————————————————— တက္ကသိုလ်တစ်ခုက သိပ္ပံဘာသာရပ်သင်ကြားနေသော ဆရာလေးထန်ခွန် ငယ်စဉ်ကတည်းက လိုအပ်နေတဲ့ချစ်ခြင်းမေတ္တာကို ဖြည့်စည်းရန်အတွက် ပြီးပြည့်စုံသောမိသားစုဘဝကို မျှော်လင့်တောင့်တနေသူ တစ်ယောက်…. အချိန်တော်တော်ကြာတွဲခဲ့ကြတဲ့ချစ်သူလေးဖရောင်းကို ထန့်ခွန်က လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ ဖရောင်းက လမ်းခွဲဖို့ပြောလိုက်တဲ့အခါ ထန်ခွန့်ရဲ့ အရာအားလုံးက ပျက်ဆီးသွားခဲ့တယ် တစ်ခြားတစ်ယောက်နဲ့ ဘဝအသစ်စတင်ရာမှာ အတားအဆီးဖြစ်မှာကို မလိုချင်တဲ့အတွက် ထန်ခွန်နဲ့ရတဲ့ကလေးကိုလည်း ဖျက်ချဖို့ဆုံးဖျက်လိုက်တဲ့အခါ…….. ထန်ခွန်ရဲ့ဘဝကြီးက အားလုံးပျက်ဆီးသွားပြီး မိန်းမနဲ့အချစ်ကို လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရတော့တယ် တစ်နေ့ ထန်ခွန်ဟာ စိတ်ဒဏ်ရာကိုကုစားဖို့ သူငယ်ချင်းဖြစ်သူ ဆုရီယွန်ရှိတဲ့ တောထဲကို လိုက်သွားခဲ့တယ် ထိုခရီးစဉ်လေးကပဲ ထန်ခွန့်ကို ဟိမဖန်တောရဲ့ လရောင်သက်တန့်အောက်ကနေ ပေါ်ထွက်လာတဲ့ မက်ကလီသီး မိန်းကလေးနဲ့ တွေ့ဆုံစေဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် မက်ကလီသီးမိန်းမပျိုလေးဟာ ကလေးဆန်သော စရိုက်ရှိပြီး သူမရဲ့ မွှေးပျံ့လှတဲ့ ကိုယ်သင်းရနံ့ဟာ ယောင်္ကျားလေးတွေကို လိင်စိတ်ပြင်းပြအောင်ဆွဲဆောင်စေတယ် မိန်းမနဲ့အချစ်ကို ကြောက်တဲ့ ထန်ခွန်ကတော့ မက်ကလီမိန်းမပျိုလေးကို ငြင်းဆန်ပြီး ဘန်ကောက်ကို ပြန်ဖို့ဆုံးဖြတ်ခဲ့တယ် ဒီအချိန်မှာပဲ ဟိမဖန်တောမှ သတ္တဝါတို့ဟာမက်ကလီသီးမိန်းမပျိုလေးကို သူတို့လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ ကာမဆက်ဆံရန် ခေါ်ဆောင်သွားဖို့ကြိုးစားကြတဲ့အခါမှာတော့……. ထန်ခွန်က မက်ကလီလေးကို ဟိမဖန်တောမှ လွတ်မြောက်ဖို့အတွက် ဘန်ကောက်ကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်တယ် လူသားတွေရဲ့နေထိုင်မှုစရိုက်ကို သင်ကြားပေးတဲ့အခါ မက်ကလီလေးက အဆင်ပြေပြေသင်ယူနိုင်ပါ့မလား………….. ဒဏ္ဍာရီအဆိုအရ ခုနစ်ရက်သာရှင်သန်နိုင်တဲ့အတွက် ချစ်စရာကာင်းတဲ့ မက်ကလီလေးဆက်လက်ရှင်သန်ဖို့ အခက်ခဲတွေရင်ဆိုင်ရင်း လူသားလေး ထန်ခွန်နဲ့ မက်ကလီ မိန်းမပျိုလေးတို့ကြား သံယောဇဉ်တွေ ဖြစ်ပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်လိုက်ရအောင်နော် [ ဇာတ်လမ်းအညွှန်းကို Tin MeMe Soe & May Thu တို့မှ ရေးသားပေးထားပါသည် ]