-
Movie Name
-
Silverton Siege (2022)
-
Year
-
2022
-
Generes
-
Action, Crime
-
Code
-
EN1116
-
Type
-
Movie
-
Size
-
654 MB
-
Country
-
Hollywood
-
Description
-
အပစ်အခတ်၊ အနုကြမ်းစီးမှုတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းမှ
ကြိုက်ကြတဲ့ CMပရိတ်သတ်ကြီးတို့အတွက် Silverton Siegeလို့ခေါ်တဲ့
Netflixထွက် အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ကားသစ်ကို
တင်ဆက်ပေးလိုက်ပါပြီ။
၁၉၈၀ပြည့်နှစ် တောင်အာဖရိကနိုင်ငံ အခြေအနေကို ဇာတ်အိမ်တည်ထားပြီး
ထိုခေတ်ရဲ့ လူဖြူ၊ လူမည်း ခွဲခြားဆက်ဆံမှုနဲ့
နှိမ့်ချမှုတွေကြောင့် ပွင့်အံထွက်လာတဲ့ လူမည်းတွေရဲ့ ခံစားချက်ကို
ဒီဇာတ်ကားထဲမှာ ထင်ဟပ်ပြထားတာဖြစ်ပါတယ်။
၁၉၈၀မှာ တောင်အာဖရိကရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်တဲ့
နယ်ဆင်မင်ဒဲလားဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို
ခံထားရပါတယ်၊ အဲဒီအချိန်မှာ လူမျိုးရေးခွဲခြားမှုကို
အတော်စက်ဆုပ်နေတဲ့၊ ထိုဝါဒကို တိုက်ထုတ်ပြီး လူတိုင်းတန်းတူညီမျှဖြစ်ရေးကို
လက်တွေ့ အကောင်အထည် ဖော်ချင်နေတဲ့ ကယ်ဗင်ခွန်မာလိုတို့
သူငယ်ချင်းတစ်စုဟာ ပြည်သူတွေထိခိုက်သေဆုံးမှုမရှိဘဲ
သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို အစိုးရထံ တောင်းဆိုလို့ရနိုင်မယ့်
စီးနင်းမှုတစ်ခုကို ကျူးလွန်ဖို့ ကြံစည်ခဲ့ပါတယ်။
ဒါပေမဲ့ အကြံအစည် အကောင်အထည်ဖော်လို့ မပြီးခင်ပဲ
အဖွဲ့တွင်းသတင်းပေးရဲ့ တိုင်ကြားမှုကြောင့် အစီအစဉ်ပျက်ကာ
ရဲလက်ကလွတ်အောင်ပြေးရင်း ဆေးလ်ဗာတန် ပရီတိုရီးယားက
ဘဏ်တစ်ခုထဲ ရောက်ရှိသွားကာ ပေါက်သည့်နဖူး မထူးတော့ပြီဆိုတဲ့အတိုင်း
ထိုဘဏ်ကိုပဲအနုကြမ်းစီးရင်း သူတို့ရဲ့အဓိကဆန္ဒဖြစ်တဲ့
နယ်ဆင်မင်ဒဲလားကို လွှတ်ပေးရေး အပါအဝင် တခြား
တောင်းဆိုမှုတွေအတွက် အစိုးရအရာရှိတွေ၊ စုံထောက်နဲ့ ရဲတွေနဲ့
ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာပါတော့တယ်။
ဇာတ်အစ ၅ ၆ မိနစ်ကတည်းက စတက်ခဲ့တဲ့ ဇာတ်ရှိန်က
ပြီးတဲ့အချိန်အထိNon-stopသွားနေတဲ့ အက်ရှင်ဇာတ်ကားမျိုး
ဖြစ်ပါတယ်၊ ဒီနေ့ခေတ်မှာတောင် Black Lives Matter တို့လို
Campaignတွေ ပြုလုပ်နေရဆဲ ဖြစ်တဲ့ Racist ပြဿနာဟာ
၂၁ရာစုမတိုင်ခင်အထိ ဘယ်လောက်ကြီးမားခဲ့လဲ၊ လူမည်းတွေ
ဘက်ကလည်း ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိခဲ့လဲဆိုတာမျိုးကိုပါ
ပညာပေးသဘော ယှဉ်တွဲပြထားတာပဲ ဖြစ်ပါတယ်။