Movie Name
နှလုံးသားထဲက ချစ်ရသူ (မာဖီးယားကိုကို) (Cubic) (2014)
Year
2014
Generes
Drama, Romance
Code
MST09
Type
Series
Size
24.6 GB
Country
Thai
Description
1-22 Completed [ ဇာတ်လမ်း အကျဥ်းလေးကတော့ ... ] Ruthainak ဆိုတဲ့ ကောင်မလေးရဲ့ အဖေဟာ Lin Lan Ser ဆိုတဲ့ ဟောင်ကောင် မာဖီးယား သူဌေးဆီမှာ လောင်းကစားကြွေး တင်နေခဲ့ပါတယ် Ruthainak ဟာ ရုပ်ဆိုးဆိုးကောင်မလေး ဆိုပေမယ့် ညဏ်ကောင်းတဲ့သူ တစ်ယောက်ပါ ဒါပေမယ့် သူမရဲ့ အစ်မ​ဖြစ်သူ Nataka ရဲ့ အလှကိုတော့ မယှဥ်နိုင်ခဲ့ပါဘူး Ruthainak ရဲ့ ဖခင်ဖြစ်သူဟာ Lin Lan Ser ရဲ့ အကြွေးတွေကို မဆပ်နိုင်တဲ့အဆုံးမှာတော့ Lin Lan Ser တစ်ယောက် သူ့အကြွေးတွေအတွက် Nataka နဲ့ လှဲလှယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် Nataka ရဲ့ ဖခင်ဖြစ်သူဟာ အကြွေးမဆပ်နိုင်တော့ပဲ သမီးကြီးဖြစ်တဲဲ့ Nataka နဲ့ အတူ ထွက်ပြေးသွားပြီး သမီးငယ်ဖြစ်သူ Ruthainak ကိုတော့ ချန်လှပ်ထားခဲ့ပါတယ် Lin Lan Ser တစ်​​ယောက် မရတဲ့အဆုံး Ruthainak ကိုပဲ ခေါ်ပြီး အကြွေးတွေ ဆပ်စေခဲ့ပါတယ် စစချင်း Lin Lan Ser တစ်ယောက် Ruthainak ကို အမြင်မကြည်ခဲ့ပေမယ့် Ruthainak အကြောင်း သိလာတဲ့အချိန် Lin Lan Ser တစ်ယောက် Ruthainak ဟာ ညဏ်ကောင်းတဲ့သူဆိုတာ သိသွားပြီး သူ့လုပ်ငန်းမှာ အသုံးချပါတော့တယ် ဒီလိုနဲ့ မာဖီးယား ကိုကို Lin Lan Ser ရဲ့ နှလုံးသားထဲ Ruthainak လေးဟာ သူ မသိလိုက်ချိန်မှာပဲ ရောက်ရှိသွားတဲ့အချိန် Ruthainak တစ်​ယောက်ရော Lin Lan Ser အပေါ် ခံစားချက်တွေ ရှိသွားမလား ? Lin Lan Ser ကရော Ruthainak အပေါ် ရှိနေတဲ့ ခံစားချက်တွေကို ဝန်ခံပါ့မလား ? အခြေနေမတူတဲ့ သူတို့နှစ်ဦးကြား ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို အချစ်ဇာတ်ကြမ်းကားလေး ​ဖြစ်တဲ့ " နှလုံးသားထဲကချစ်ရသူ " ဇာတ်လမ်းလေးထဲ အတူကြည့်ရှုလိုက်ကြရအောင် 💗