-
Movie Name
-
Moulin Rouge (2001)
-
Year
-
2001
-
Generes
-
Drama, Romance
-
Code
-
EN1117
-
Type
-
Movie
-
Size
-
1.23 GB
-
Country
-
Hollywood
-
Description
-
Moulin Rouge!(2001) အညွှန်း
IMDb…7.4
ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်…
Nicole Kidman နဲ့ Ewan McGregor နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…
“သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ” ဆိုတဲ့စကားလေးရှိတယ်.
..လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာ
သဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်….
နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့
ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်…
အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့
ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ….
အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲ
တိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏
တန်ဆာ “ပြည့်တန်ဆာ” လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်….
အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ
ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့….
ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ….
အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့…..
သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့
ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေ
အကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်