-
Movie Name
-
The Dressmaker (2015)
-
Year
-
2015
-
Generes
-
Drama
-
Code
-
EN1118
-
Type
-
Movie
-
Size
-
831 MB
-
Country
-
Hollywood
-
Description
-
The Dressmaker (2015)
=================
IMDb Rating – 7.0/10
လူနေကြဲပါးလှတဲ့ တောမြို့လေးတစ်မြို့မှာ ကလေးမလေးတစ်ယောက်ဟာ
သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ကို သတ်လိုက်တယ်လို့ စွပ်စွဲခံရပြီး
တစ်ရပ်တစ်ကျေးအပို့ခံခဲ့ရတယ်။ နောက်၂၅နှစ်အကြာမှာ သူနာမည်ကြီး
အဝတ်ချုပ်သမဖြစ်ပြီးနောက် အဲဒီမြို့ကလေးဆီပြန်ရောက်လာခဲ့တယ်။
သူလုပ်ခဲ့လား သူမလုပ်ခဲ့လားတော့ သူလည်းသေချာမသိသလို ဘယ်သူမှလည်း
သေချာမသိကြပါဘူး။ ဒါပေမဲ့ လူတွေရဲ့လှံဟာမြေနိမ့်တဲ့အရပ်ကိုပဲ စိုက်တတ်တဲ့
သဘာဝအတိုင်း သူ့ကိုပယ်ကြဉ်ထားခဲ့ကြတယ်။
သူကတော့ သူတတ်တဲ့အတတ်နဲ့ ဒီလူတွေနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားကြည့်
ခဲ့တာပေါ့။ ဒါမေမဲ့လည်း အားလုံးပြောကြသလို သူတကယ်ပဲ ကျိန်စာမိနေလား
မသိရအောင် သူ့ဘေးကလူတွေပဲ ထိခိုက်လာတဲ့နောက်……
ခင်မောင်ရင်ပြောဖူးတဲ့စကားရှိတယ်။
” ဘ၀ကိုယ်တိုင်ကိုက အမှားတွေနဲ့ ပြည့်နေတာပဲမို့လား။ စမ်းတဝါးဝါးလျှောက်ရင်း
အမှားတွေကြုံရင်း ပြန်ပြင်ဆင်ရင်းနေရတာကိုက ဘ၀ပါပဲ။ ဒီလိုပဲ ကျုပ်လည်း
အမှားတွေကို လုပ်တယ်။ ဒါကြောင့်ပဲ ကျုပ်ရှင်သန်နေတာပေါ့။ အမှားတွေလုပ်နေတယ်
ဆိုတာ ရှင်သန်နေလို့ပဲကိုး”တဲ့။
လူတွေဟာ အမြဲအမှားတွေလုပ်နေကြ ပြန်ပြင်ဆင်နေကြတာပါပဲ။ မြေနိမ့်လို့ အခွင့်
အရေးမရခဲ့သူတို့ကတော့ ပြင်ရခက်ကြတယ်။ ဒီလောကထဲရောက်လာကတည်းက
မှားဖို့ ပြင်ကြဖို့ ရောက်လာတာလို့ ဆိုကြတယ်မို့လား။ အဲ့တော့လက်မလျှော့တမ်း
ပြင်ကြဆင်ကြတာပေါ့။ ခင်ဗျားမှာလည်း အမှားတွေရှိဖူးတယ်ဆို ဒီရုပ်ရှင်ဟာ
ခင်ဗျားကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
တစ်ချိန်က ပန်းချီတစ်ချပ်နဲ့ ကမ္ဘာကိုကိုင်လှုပ်ဖူးတဲ့ မမကိတ်ဝင်းစလက်က
အဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားသလို မင်းသမီးကြီး ဂျုဒီ ဒေးဗစ်နဲ့
သောရဲ့ညီ Liam Hemsworthနဲ့ မက်ထရစ်တို့ Lord of the RIngတို့ထဲက
Hugo Weaving လည်းပါပါတယ်။