-
Movie Name
-
Adam Resurrected (2008)
-
Year
-
2008
-
Generes
-
Drama, War
-
Code
-
EN1122
-
Type
-
Movie
-
Size
-
716 MB
-
Country
-
Hollywood
-
Description
-
Adam Resurrected (2008)
===================
IMDb Rating – 6.1/10
ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်းတွေနဲ့ နာဇီတွေရဲ့
စစ်သုံ့ပန်းတွေအပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှုတွေ၊
ဖိနှိပ်ဆက်ဆံမှုတွေဟာ အတော်လေး အရုပ်ဆိုးအကျည်းတန်
ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ
ခံစားခဲ့ရတာကတော့ ဂျူးလူမျိုးတွေပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ နာဇီစစ်စခန်းတွေကနေ အသက်ရှင်လျက်
လွတ်မြောက်လာသူတွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေအကြောင်း
အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်ယောက်နေရာကနေ ရိုက်ကူး
ပြမှာဖြစ်ပါတယ်၊ Main Cast၂ယောက်ကတော့ old school
မင်းသားကြီးတွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe
တို့ပဲဖြစ်ပါတယ်။
အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို
ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်ယောက်ဆိုလည်း
မမှားပါဘူး၊ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီအင်အားစုကြီး
တန်ခိုးထွားလာချိန်မှာတော့ ဂျူးလူမျိုးဖြစ်နေတဲ့ အဒမ်လည်း
နာဇီတွေလက်ကနေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ
ကတော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။
ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူးတွေလို နှိပ်စက်စမ်းသပ်
တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊
အဲဒါကတော့ သူ့ရဲ့လက်စွဲတော်ခွေးရက်ဇ်အတိုင်း ခွေးလိုနေပြီး
ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်ပေါင်းများစွာ ခွေးတစ်ကောင်လို
ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီးခေတ်မှာတော့ အပြင်ပိုင်း
လူစိတ်ဆိုပေမယ့် မသိစိတ်ထဲမှာ ခွေးဗီဇစွဲကပ်နေခဲ့ပါပြီ။
အဆိုပါဗီဇကို စစ်ပြီးခေတ် နာဇီသုံ့ပန်းစခန်းရှင်ကျန်သူတွေကို
ကုသပေးနေတဲ့ ဆိုက်ဇလင်းဆေးရုံက သိသွားပြီး အဒမ်စတိုင်း
ကို ခေါ်ယူထားလိုက်ပါတယ်၊ ဒါပေမဲ့ အဆိုပါ ဆေးရုံကလည်း
သွေးရိုးသားရိုးဟုတ်ဟန်မတူဘဲ စစ်သုံ့ပန်းတွေကို အသုံးချပြီး
သုတေသနနဲ့ စမ်းသပ်မှုတွေကို လျှို့ဝှက်လုပ်ကိုင်နေတာ ဖြစ်
နိုင်ကြောင်း အဒမ်စတိုင်းတစ်ယောက် ရိပ်မိသွားတဲ့အခါ သူနဲ့
ဘဝတူ survivorsတွေကို အဆိုပါဆေးရုံကနေ ကယ်ထုတ်နိုင်
ပါ့မလား၊ သူ့ရဲ့မသိစိတ်ထဲက ခွေးဗီဇကိုရော သူဘယ်လိုပုံစံနဲ့
ပြန်တိုက်ထုတ်မလဲ၊ နာဇီတွေသာမကပဲ တစ်ဘို့တည်းကြည့်တဲ့
လူတန်းစားတိုင်းဟာ ဘယ်လောက်ထိ ရက်စက်ယုတ်မာနိုင်လဲ
ဆိုတာကို ကြည့်ရှူရမှာပါ။