-
Movie Name
-
Tokyo Vice (2022)
-
Year
-
2022
-
Generes
-
Crime, Drama
-
Code
-
SE0228
-
Type
-
Series
-
Size
-
3.83 GB
-
Country
-
Hollywood
-
Description
-
1-8 Completed
Tokyo Vice (2022)
IMDb – 9.5/10
သတင်းထောက်တစ်ယောက်အတွက် သတင်းကောင်းကောင်း လိုက်နိုင်လေ ရန်သူများလေလို့ ဆိုကြစမြဲပါ၊
အထူးသဖြင့် ဒုစရိုက်အဖွဲ့တွေနဲ့နွယ်တဲ့ သတင်းတွေကို ရေးရတဲ့
သတင်းထောက်တွေအနေနဲ့ သတင်းမှန်လေ၊ အသက်အန္တရာယ်ကြီးလေပါ၊
ဒီစီးရီးကတော့Tokyo Viceလို့ ခေါ်တဲ့ မူရင်းစာအုပ်ကို
ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊
HBO maxကနေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊
Castတွေအနေနဲ့ကတော့
– Baby Driver, West Side Storyထဲက မင်းသား Ansel Elgort
– Inception, Memoirs of a Geishaလို ဇာတ်ကားကြီးတွေမှာ ပါဝင်ထားတဲ့
ဝါရင့်သရုပ်ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊
အမေရိကန်သတင်းထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀ကျော် ကာလတွေမှာ
နိုင်ငံခြားသတင်းထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ရောက်သွားခဲ့ပါတယ်၊
သူသတင်းလိုက်တဲ့ အပိုင်းကတော့ တခြားမဟုတ်ဘဲ မှုခင်းရေးရာအပိုင်းဖြစ်နေတာပါ၊
ဖခင်ဖြစ်သူ သေမှုသေခင်းအရာရှိဆီကနေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က
ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်လောက ကို အထူးစိတ်ဝင်စားကာ
မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်းထောက်ဖြစ်အောင် တကူးတကကြိုးပမ်းပါတော့တယ်၊
မှုခင်းသတင်းထောက်ဖြစ်တာနဲ့အညီ ဟိရိုတို ကတဂိရိ ဆိုတဲ့ အငြိမ်းစားစုံထောက်ကြီးနဲ့ဆုံပြီး
Vice Sqaud ဆိုတဲ့ အဖွဲ့နဲ့အတူ ဂျပန်နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ယာကူဇာဂိုဏ်းတွေနဲ့
သူတို့ရဲ့ရာဇဝတ်မှုတွေအကြောင်း အတွင်းကျကျ သက်စွန့်ဆံဖျား သတင်းလိုက်ရပါတော့တယ်၊
တိုင်းတပါးသား မျက်နှာဖြူ ဖြစ်နေတာက တကြောင်း၊
ဒုစရိုက်လောကနဲ့ ဆက်နွယ်နေတာ တကြောင်းဖြစ်လို့
ကြုံတွေ့လာရမယ့် အခက်အခဲနဲ့ အသက်အန္တရာယ်တွေကို
ဂျိတ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဖြစ်ရပ်မှန် မှုခင်းအက်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်၊
အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။