Movie Name
Kung Fu (2021) (S1,S2)
Year
2021
Generes
Action, Crime
Code
SC0516
Type
Series
Size
3.62 GB
Country
China
Description
Kung Fu – Season 01+02 (2021) အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။ နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။ တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊ မိဘတွေ ‌ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊ မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက် ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင် ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။ တစ်ရက်မှာတော့ နစ်ကီရဲ့ ဆရာ ပေလင် အသတ်ခံရပြီး ကျောင်းရဲ့ အဖိုးတန် ဓါးကိုပါ ခိုးယူသွားခြင်းခံလိုက်ရတဲ့အခါမှာ နစ်ကီတစ်ယောက် လူသတ်သမား နောက်ကိုလိုက်ရင်း သူမ စွန့်လွှတ်ခဲ့တဲ့ မွေးရပ်မြေကို ပြန်ဖို့ ဖြစ်လာပါတယ် ။ သုံးနှစ်တိုင်တိုင် သူ မရောက်ဖြစ်ခဲ့တဲ့ မွေးရပ်မြေဟာ အရင်လို မဟုတ်ဘဲ ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့အခါမှာတော့ နစ်ကီတစ်ယောက် လူသတ်သမားကို လိုက်ရှာဖွေရင်းနဲ့ တစ်ဖက် ဒုစရိုက်မှုတွေကိုပါ တားဆီးရတော့မှာဖြစ်ပါတယ်။ ခပ်မိုက်မိုက် martial arts ကစားကွက်တွေ တရုတ်မိသားစုဓလေ့တွေကို ရှေးဟောင်းတရုတ်သမိုင်းကြောင်း လက်နက်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာ ဖြစ်လို့ ကြည့်ရတာတန်မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါကြောင်း အသိပေးပါရစေ။