Movie Name
Glory Of The Special Forces (သမိုင်းသစ်​မော်ကွန်း) (2022)
Year
2022
Generes
Action
Code
SC0517
Type
Series
Size
16.6 GB
Country
China
Description
ဒီတစ်ခါ CMကနေတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကYang Yang ပါဝင်ထားတဲ့ China special Forces(2022) ပဲဖြစ်ပါတယ် Main Casts တွေကတော့ ကောင်မလေးတွေရဲ့ စိတ်ကူးထဲက BF material Yang Yang က အထူးတပ်ဖွဲဝင်တစ်ယောက်ဖြစ်ဖို ကြိုးစားနေတဲ့ Yan Poyue အဖြစ် Go Go Squid2 ထဲAppledog လေး Li Yitong က သတင်းနှင့်ပြန်ကြားရေးဌာနက အင်ဂျင်နီယာမလေး Ai Qianxueအဖြစ် ပါဝင်ထားကြတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့ Yan Poyue ဟာ စည်းကမ်းတင်းကြပ်တဲ့ အဖေ့ကို သက်သေပြဖိုအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ အထူးတပ်ဖွဲဝင်အသစ် စုဆောင်းချိန်နဲ့ကြုံပြီး သူ့ရဲ့အိမ်မက်ဖြစ်တဲ့ အထူးတပ်ဖွဲဝင်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ရေးဆင်းခဲ့ပါတယ် လေ့ကျင့်ရေးကာလတစ်လျှောက်လုံးမှာလည်း စွမ်းဆောင်မှုကောင်းတွေရရှိအောင် ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပါတယ် ဒါပေမယ့် အထူးတပ်ဖွဲဝင် ရွေးချယ်တဲ့အခါမှာတော့ အဖွဲခေါင်းဆောင်က သူ့ကို ဖယ်လိုက်ပြီး အထူးတပ်ဖွဲဝင်တွေရဲ့ အစားအသောက်ကို တာဝန်ယူရတဲ့ စားဖိုဆောင်အဖွဲမှာ တာဝန်ချပေးလိုက်ပါတယ် စားဖိုဆောင်အဖွဲဟာ အစားအသောက်တာဝန်ကိုယူရတယ်ဆိုပေမယ့် အထင်သေးလိုမရနိုင်အောင်ကို လူတော်တွေ အများကြီး ပုန်းအောင်းနေတဲ့ အဖွဲဆိုလည်း မမှားပါဘူး အိမ်မက်ကို အကောင်ထည်ဖော်ဖို အဆက်မပြတ်ကြိုးစားနေတဲ့ Yan Poyue တစ်ယောက် နောက်ဆုံးမှာတော့ အထူးတပ်ဖွဲဝင်ဖြစ်သွားခဲ့ပါတယ် အဲ့နောက်မှာတော့ အဖွဲသားတွေနဲ့ အတူတူလေ့ကျင့်ရေးဆင်းရင်း အထူးတပ်ဖွဲဆိုတာ တစ်ဦးကောင်းတစ်ယောက်ကောင်းရုံနဲ့ မဖြစ်နိုင်ဘူးဆိုတာကို တဖြေးဖြေးနားလည်သွားခဲ့ပါတယ် အဖွဲသားတွေနဲ့ အတူတူ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှား သွားမှာလဲ~~~ အဖွဲခေါင်းဆောင်ကရော အရည်ချင်းရှိတဲ့သူ့ကို ဘာလိုမရွေးချယ်ခဲ့ရတာလဲ~~~ Actionကားတွေကြိုက်တဲ့သူတွေရော Vanguard2020 ထဲမှာ Yang Yang ကိုကြည့်မဝသေးတဲ့ ပရိတ်သတ်တွေရော အကြိုက်တွေ့စေမယ့် China Special Forces ဆိုတဲ့ဇာတ်လမ်းလေးကို CM ကနေ မကြာခင်မှာ တင်ဆက်ပေးသွားတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်