-
Movie Name
-
He's Expecting (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SJP0025
-
Type
-
Series
-
Size
-
3.02 GB
-
Country
-
Japan
-
Description
-
1-8 Completed
He’s expecting (2022)
ဂျပန်နိုင်ငံကတော့ အလုပ်ဦးစားပေးပြီး တော်ရုံတန်ရုံမိသားစုမထူထောင်ကြတော့တဲ့နိုင်ငံဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။
နောက်ပိုင်း ဂျပန်မှာ မင်္ဂလာပွဲကျင်းပရင်တောင်မှ အစိုးရက ငွေကြေးထောက်ပံ့တာတွေအထိ ရှိလာခဲ့ပါတယ်။
ဒီလို အလုပ်ဦးစားပေးတဲ့နိုင်ငံမျိုးမှာ ကလေးမွေးဖွားတယ်ဆိုတာ ရှားပါးတဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။
သာမန်မိသားစုမှာတောင် ကလေးတစ်ယောက် ပျိုးထောင်ဖို့ဆိုတာ
အချိန်အား၊ ငွေအားအပြင် လူအားရောစိုက်ရတာမို့ တကယ်ခက်ခဲပင်ပန်းတဲ့ကိစ္စပါ။
ဂျပန်နိုင်ငံနာမည်ကြီး ကြော်ငြာကုမ္ပဏီက ထက်မြက်တဲ့အမျိုးသားဝန်ထမ်း ဟီယာမာတစ်ယောက်…
စာရေးဆရာအဖြစ်ရပ်တည်တဲ့ ချစ်သူကောင်မလေး အာခီနဲ့အတူ နေထိုင်ရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့အခါ…..
ကိုယ်ဝန်ရတာကလည်း ချစ်သူကောင်မလေးမဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေတဲ့အပြင်
ကုမ္ပဏီမှာလည်း အရေးကြီးအလုပ်ကိစ္စတွေ ရှိနေပြန်တော့….
အမျိုးသားတွေ ကိုယ်ဝန်ဆောင်မှာမဟုတ်ဘူးလို့ ထင်မှတ်ထားတဲ့ ဟီယာမာကတော့
ရှော့ရပြီး ဘယ်လိုတွေဆက်လုပ်မှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဒီ series လေးကိုတော့ Netflix က အပိုင်း 8 ပိုင်းနဲ့ ထုတ်လွှင့်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ရသစုံခံစားရမယ့်အပြင် မိခင်ဖခင်ဘဝနဲ့ပတ်သက်တဲ့ ပညာပေးတွေလည်း ပါဝင်မှာဖြစ်လို့
အတူတူ အားပေးကြည့်ရှုလိုက်ကြရအောင်နော်။