Movie Name
Samurai Rabbit The Usagi Chronicles (2022)
Year
2022
Generes
Action, Animation
Code
SAN0071
Type
Series
Size
2.21 GB
Country
Hollywood
Description
Samurai Rabbit: The Usagi Chronicles (2022) တရုတ်နောက်ခံ နာမည်ကြီးကာတွန်းကားလေးတွေ ထွက်ရှိပြီးနောက် ဒီတစ်ခါမှာတော့ Netflix ကနေ ဂျပန်နောက်ခံ ကာတွန်းစီးရီးလေးတစ်ခု ထွက်ရှိလာပြန်ပါပြီ။ ဂျပန်နိုင်ငံကိုနောက်ခံထားပြီး ချစ်စရာတိရစ္ဆာန်လေးတွေနဲ့ ပုံဖော်ထားတဲ့ ဒီစီးရီးလေးမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က Yokai ဆိုတဲ့ မကောင်းဆိုးဝါးတွေထဲက အကြမ်းဆုံးတစ်ကောင်ကို MC Yuichi ရဲ့ ဘိုးဘေးဖြစ်သူ ဆာမူရိုင်း Miyanoto Usagi က သတ်ပစ်နိုင်ခဲ့ပါတယ် ဒီလိုနဲ့ Yuichi ဆိုတဲ့ ၁၆ နှစ်အရွယ် ယုန်ကလေးက ဘိုးဘေးဆာမူရိုင်းရဲ့ လုပ်ဆောင်ချက်ကို အားကျလေးစားပြီး ဆာမူရိုင်းဖြစ်လာဖို့အတွက် အိပ်မက်မက်နေပါတော့တယ်။ ဖြစ်ချင်တော့ Yuichi က စိုက်ပျိုးရေးရွာလေးတစ်ခုမှာ အန်တီနဲ့အတူ နေထိုင်ရတော့ ဆာမူရိုင်းဖြစ်ဖို့ ဘာမှကြိုးစားခွင့်မရတဲ့အတွက် Neo Edo မြို့တော်ကိုသွားရဖို့ အန်တီကို ခွင့်တောင်းပါတော့တယ်။ အန်တီဖြစ်သူက ဆာမူရိုင်းဖြစ်ချင်ရင် ဆရာရှာဖို့ မှာပြီး လွှတ်ပေးလိုက်ပေမဲ့လည်း Yuichi တစ်ယောက် ကိုယ့်ကိုယ် အတော်ဆုံးလို့ ထင်မှတ်ပြီး ဆရာ မရှာတဲ့အခါ…. မြို့တက်သွားပြီးတော့ ဘယ်လိုအရာတွေ ကြုံရမလဲ၊ ဘယ်လိုတလွဲတွေ လုပ်မိမလဲ။ မကောင်းဆိုးဝါး Yokai တွေကိုလည်း ဒဏ္ဍာရီအဖြစ်၊ ပုံပြင်အဖြစ်သာ မှတ်ယူကြတော့တဲ့ တိုးတက်နေတဲ့ခေတ်ကြီးမှာ Yokai တွေက တဖန်ပြန်ပေါ်လာကြမှာလား။ ဆာမူရိုင်းဖြစ်ချင်တဲ့ Yuichi ကရော တိုက်ခိုက်ရေးစည်းမျဉ်းတွေ ကောင်းကောင်းနားလည်တဲ့ ဆာမူရိုင်းဖြစ်လာပါ့မလားဆိုတာကို ရင်ခုန်စရာကောင်းအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတို့၊ ဆာမူရိုင်းတို့ ပြောနေလို့ ကြောက်စရာကောင်းမယ်လို့တော့ မထင်လိုက်ပါနဲ့ဦး။ အကြမ်းတကာ့ အကြမ်းဆုံး Villain တောင်မှ ဒီကားလေးထဲမှာ cuttie pie လေး ဖြစ်နေလို့ မမုန်းရက်နိုင်၊ ဆွဲညှစ်ပစ်ချင်နေမှာပါ။ ချစ်စရာကောင်းတဲ့အတိုင်းပဲ age restrictions သတ်မှတ်ထားတာမရှိတဲ့အတွက် ကလေးငယ်တွေနဲ့ဖြစ်ဖြစ် မိသားစုလိုက်ဖြစ်ဖြစ် ကြည့်ဖို့ အထူးသင့်တော်ပါတယ်။ Voice actor တွေကတော့ American Pie Presents မှာ ပါဝင်ခဲ့တဲ့ မင်းသား Darren Barnet, ဂျပန်-တရုတ်-ဖိလစ်ပိုင်-အမေရိက ကပြားအဆိုတော်မလေး Mallory Low နဲ့ တခြားနာမည်ကြီးအနုပညာရှင်တွေ အများအပြားပါဝင်ပါသေးတယ်။ အဲ့ဒါအပြင် creator ကလည်း ငယ်ငယ်ကနာမည်ကြီးတဲ့ လိပ်နင်ဂျာကားကို ဖန်တီးခဲ့တဲ့ Stan Sakai ဖြစ်တော့ တော်တော်လန်းမယ့်ကားလို့ ဆိုရမှာပါ။ ဒီကာတွန်းလေးကတော့ series လေးဖြစ်ပြီး အပိုင်း ၁၀ ပိုင်းပါဝင်လို့ CM နဲ့အတူ တဝကြီး ရင်ခုန်ခံစားကြည့်ရှုလိုက်ကြရအောင်နော်။