-
Movie Name
-
The 7 Lives Of Lea (2022)
-
Year
-
2022
-
Generes
-
Crime, Drama, Fantasy
-
Code
-
SE0231
-
Type
-
Series
-
Size
-
4.45 GB
-
Country
-
Hollywood
-
Description
-
The 7 Lives of Lea (2022)
ဒီဇာတ်လမ်းတွဲကတော့ Netflixကနေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး
IMDbအနေနဲ့ 7.1ရရှိထားပါတယ်၊
Total Episodesအနေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်ပေးသွားမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ လီယာဆိုတဲ့ ကောင်မလေးဟာ ပါတီပွဲတစ်ခုမှာ မူးရူးပျော်ပါးရင်း
သေဆုံးတာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အရိုးစုတစ်စုကို သွားတွေ့ပါတယ်၊
အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ကြိုးစားရင်း
လီယာတစ်ယောက် အိပ်ပျော်သွားပြီး နောက်တစ်ရက် ပြန်နိုးလာချိန်မှာ
၁၉၉၁ခုနှစ်ကို အစ္စမေးဆိုတဲ့ ကောင်လေးအနေနဲ့ ရောက်ရှိနေတာပါ၊
အစ္စမေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း
ပစ္စုပ္ပန်ကာလမှာ သူရှာတွေ့ခဲ့တဲ့အလောင်းဟာ အစ္စမေးဖြစ်နေကြောင်း သိရှိပြီး ပြန်နိုးလာပါတော့တယ်။
ဒါပေမဲ့လီယာတစ်ယောက် အစ္စမေးအဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး
နောက်နေ့အိပ်ရာနိုးချိန်မှာ အမေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ရောက်နေပြန်ပါတယ်၊
မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စမေးနဲ့ သူငယ်ချင်းတွေမှန်း သိလိုက်ရတဲ့နောက်
တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း
အစ္စမေးအမှုနဲ့ပတ်သတ်နေတဲ့ လူ ၇ယောက်ရဲ့ ၇ဘဝတိတိ
လီယာတစ်ယောက် အချိန်ခရီးသွားသလို ကြုံတွေ့ခဲ့ရပါတယ်၊
ဒီလိုဘဝတွေပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်ယောက်
အစ္စမေးကိုသတ်ခဲ့တဲ့ တရားခံကိုဖော်ထုတ်နိုင်မှာလား၊
အထက်ပါ လူ၇ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိခဲ့လဲ၊
အဆိုပါပတ်သတ်မှုတွေက ပစ္စုပ္ပန်ထိ ပါလာဦးမလားဆိုတာကို သဘာဝလွန်ဆန်ဆန် ကြည့်ရှုရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။