-
Movie Name
-
Russian Doll (2022) Season 1+2
-
Year
-
2022
-
Generes
-
Crime, Drama, Thriller
-
Code
-
SE0219
-
Type
-
Series
-
Size
-
4.59 GB
-
Country
-
Hollywood
-
Description
-
Season 1(1-8) Season 2(1-7)
IMDb Rating – 7.8/10
ယခု တင်ဆက်ပေးမယ့် Drama/ Comedy စီးရီးလေးဟာ
2019 ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး မကြာခင်လည်း
Season 2 ထွက်ရှိမှာဖြစ်လို့ Season 1 ကို ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Natasha Lyoone ဟာ ဒီဇာတ်လမ်းတွဲအတွက်
စာရေးဆရာနဲ့ ဒါရိုက်တာပိုင်းမှာ ကိုယ်တိုင်ပါ၀င်ခဲ့ပါတယ်။
ဒီစီးရီးထဲမှာတော့ သူဟာ နာဒီယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပါ ။
ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘ၀ကို အလေးအနက်မထား
ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူတစ်ယောက် ၊ အချစ်ရေး အိမ်ထောင်ရေး
တွေမှာလည်း အယုံအကြည်မရှိတဲ့သူပေါ့ ။ ဒီလိုလူတစ်ယောက်ဆီကို
စကြာ၀ဠာကြီးက လမ်းကြောင်းပြန်တည့်မတ်ပေးဖို့ ဖြစ်လာတဲ့အခါ
နာဒီယာတစ်ယောက် သူ့ရဲ့မွေးနေ့ပွဲညတစ်ညမှာ မမျှော်လင့်ထားတာတွေ
ဖြစ်လာရတော့မယ် အလေးအနက် မထားချင်လည်း ထားရမယ့် ကိစ္စတွေ
ရှိလာရတော့မယ်။
ဖြစ်ပုံက နာဒီယာဟာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ
ထပ်တလဲလဲဖြတ်သန်းနေရတာပါပဲ ။ ပေါ့ပျက်ပျက်မိန်းမသား နာဒီယာ
တစ်ယောက် ခေါင်းနပန်းကြီးပြီ … ဒါကြီးဟာ သူခါတိုင်းလို လစ်လျူရှုလို့ရတဲ့
ကိစ္စလေးတွေလိုမဟုတ်ခဲ့တော့ဘူးပေါ့။
နောက်ပြီး ဒီလိုဖြစ်နေတာက သူတစ်ယောက်တည်း ဒီလိုဖြစ်နေတာလား၊
သူ ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲ၊ ဒီထဲမှာပဲ သူတစ်သက်လုံး နေရတော့မှာလား၊
အဲလိုတော့ မဖြစ်ဘူး သူ တစ်နည်းနည်းနဲ့တော့ ဒီထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာပဲ….
ကဲ ပရိသတ်တွေလည်း အဖန်တလဲလဲ နေ့ရက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့
နာဒီယာနဲ့အတူ ဒီကားလေးကို ခံစားကြည့်ရှုလိုက်ရအောင်ပါ။