Movie Name
The Hardy Boys (2020-2022) (S1 To S2)
Year
2020
Generes
Adventure, Drama
Code
SE0221
Type
Series
Size
7.04 GB
Country
Hollywood
Description
1-23 Completed IMDb Rating – 7.0/10 The Hardy Boys ဆိုတာက 2020 မှာ ထွက်ခဲ့တဲ့ mini-series တစ်ခုပါ။ ဒီနှစ် 2022 မှာလည်း Season 02 ကထပ်မံထွက်လာပြီမို့ စီးရီးကောင်းကောင်း ကြည့်ရှုမယ့် ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . ပင်လယ်ပြင်မှာ ငါးဖမ်းထွက်လာတဲ့ သင်္ဘောတစ်စင်းက ကပ္ပတိန်ဟာ ငါးဖမ်းရင်း ပစ္စည်းတစ်ခု ပါလာတာကို တွေ့လိုက်ရပါတယ်။ သို့သော် ထိုပစ္စည်းကို အရောင်းအဝယ်လုပ်ရင်း ကပ္ပတိန်နဲ့ အဖွဲ့သားအားလုံး သေဆုံးသွားခဲ့သလို သင်္ဘောဟာလည်း နစ်မြှုပ်သွားခဲ့ပါတယ်။ Frank နဲ့ Joe ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ သူတို့အ‌မေ ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့အဖေရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရစ်ချ်ပို့တ် မြို့လေးကို ခေတ္တခဏ ပြောင်းရွေ့ လာခဲ့ပါတယ်။ ထိုမြို့မှာ သူတို့နှစ်ယောက် နေထိုင်ကြရင်း သူငယ်ချင်းအသစ်များလည်း ရလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ အဆိုပါ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ သူတို့ရဲ့ အဘွားဖြစ်သူ ပိုင်တဲ့ သင်္ဘောဆိုတာ သိလိုက်ရပါတယ်။ ထိုသင်္ဘောနဲ့ အဘွားဖြစ်သူတို့ ဘယ်လိုပတ်သတ်နေလဲ။ ထို့အပြင် အဖေဖြစ်သူဆီကို ထူးဆန်းတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဇနီးသေဆုံးမှု မတော်တဆ မဟုတ်ကြောင်းပြောလာခဲ့ပါတယ်။ ထိုစကားပြောနေတာကို ကောင်လေးနှစ်ယောက်ကြားပြီး သူတို့အဖေကို ကူညီပြီး စုံစမ်းပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သင်္ဘောနစ်မြှုပ်မှုနဲ့ သူတို့အမေ သေဆုံးမှုကရော ပတ်သတ်နေမလား။ နောက်ထပ် ဘာ လျှို့ဝှက်ချက်တွေကို မြင်တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့နိုင်မှာပါ။