-
Movie Name
-
The Medicine King Coffin (2022)
-
Year
-
2022
-
Generes
-
Action, Adventure, Fantasy
-
Code
-
CN0297
-
Type
-
Movie
-
Size
-
834 MB
-
Country
-
China
-
Description
-
The Medicine King Coffin ဆိုတဲ့ခေါင်းစဉ်အတိုင်း သင်္ချိုင်းထဲမှာ
ဆေးပညာတွေရှာဖွေရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
ကျွန်တော်တို့ရဲ့မင်းစား ဟော့ချန်ရှန်းက ငယ်ငယ်ထဲက
အဘိုးနိ့သိုင်းလောကထဲမှာဖြတ်သန်းကျော်လွှားပြီး ဆေးပညာဗဟုသုတနဲ့
အဖိုးတန်ဆေးမြစ် ဆေးဝါးတွေကိုရှာဖွေလေ့လာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်
သူ့အဘိုးသေသွားပြီးနောက်မှာ သူ့ရဲ့ငယ်သူငယ်ချင်း ဟူယိဖားနဲ့အတူ
ဆေးတိုက်လေးတစ်ခုဖွင့်ပြီး ရောဂါကုပေးပြီး
ဆေးဝါးတွေကိုရောင်းချစွာ အေးဆေးနေထိုင်ကာ အသက်မွေးကြပါတယ်
တစ်နေ့မှာတော့ သူတို့ သူငယ်ချင်း၂ယောက် ဆေးတိုက်မှာအလုပ်ဆင်းနေချိန်
အားမာန်လို့ခေါ်တဲ့ မျောင်မျိုးနွယ်စုက မိန်းကလေးတစ်ယောက်ဝင်လာပါတယ်
အားမာန်ရောက်လာပြီးနောက် ဟောရန်ကျန်းလို့ခေါ်တဲ့
ဘိုးတော်တစ်ယောက်ရောက်လာပြန်တယ်
သူတို့ ၂ယောက်လုံးက ထူးဆန်းစွာနဲ့ “မင်းအဖေတင်ခဲ့တဲ့အကြွေးက
သားဖြစ်သူက အကြွေးပြန်တပ်ပေးရမယ်” ဆိုပြီး
ဟော့ချန်ရှန်းတစ်ခါမှ မကြားဖူးတဲ့နေရာ “ဆေးဘုရင်တောင်ကြား”ကို
လိုက်ပို့ပေးပါလို့ ၂ဦးလုံးတောင်းဆိုလာကြတယ်
ဟော့ချန်ရှန်းက အဖေနဲ့အဆက်သွယ်မရှိတာလည်း ကြာပြီဖြစ်သောကြောင့်
အစကငြင်းဆိုခဲ့ရာမှ သူ့အဖေက ဘာဖြစ်လို့သူ့ကိုပစ်ပြီး
ဆေးဘုရင်တောင်ကြားထံထွက်သွားခဲ့ရတာလဲဆိုတဲ့
အကြောင်းအရင်းကိုသိချင်လို့ သူတို့နဲ့အတူလိုက်ပါပေးဖို့ လက်ခံလိုက်ပါတယ်
အားမာန်နဲ့ ဟောရန်ကျန်းတို့က ဘာဖြစ်လို့ဆေးဘုရင်တောင်ကြားကိုသွားချင်ရတာလဲ
ဟော့ချန်ရှန်းရဲ့အဖေကရော ဆေးဘုရင်တောင်ကြားမှာရှိနေမလား
ဆေးဘုရင်တောင်ကြားဆိုတာ ဆေးဝါးတွေနဲ့ပြည့်နှပ်နေတဲ့
ကောင်းကင်ဘုံလား ပုတ်ကောင်အလောင်းတွေနဲ့ပြည့်နေတဲ့
ငရဲဘုံလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ