Movie Name
The Wind Blows From Longxi (2022)
Year
2022
Generes
Crime, Historical, War
Code
SC0519
Type
Series
Size
4.71 GB
Country
China
Description
1-24 Completed The Wind Blows from Longxi CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ နာမည်ကြီးစာရေးဆရာရဲ့ ဝတ္ထုကို အသက်သွင်းပုံဖော်ထားတဲ့ The Wind blows from Longxi ဆိုတဲ့ နန်းတွင်းသူလျှိကားလေးပဲဖြစ်ပါတယ် Castsတွေကို ပြောပြရမယ်ဆိုရင် နာမည်ကျော်မင်းသား Chen Kun က စူးပြည်ကနေ ဝေ့ပြည်ကို စေလွှတ်ထားတဲ့ သူလျှိ Chen Gong အဖြစ် Guardians ကားနဲ့ နာမည်ကြီးလာတဲ့ Bai Yu ကလည်း စူးပြည်ကနေ ဝေ့ပြည်ကို စေလွှတ်မယ့် သူလျှိ Xun Xu အဖြစ် ပါဝင်ထားကြသည့်အပြင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Angela Baby, Sun Yi တိုကလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် အေဒီ၂၂‌၈ သုံးပြည်ထောင် ခေတ်မှာ စူးပြည်နဲ့ ဝေ့ပြည်တို စစ်ဖြစ်ကြပြီး စူးပြည်က သူတိုထွင်ထားတဲ့ လေးနဲ့ ဝေ့ပြည်ကို အနိုင်ရရှိခဲ့ပါတယ် ဒီလိုနဲ့ စူးပြည်ရဲ့ အတွင်းသတင်းဌာနက စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အချိန်မှာတော့ သူတိုဆီကို သတင်းအမှားတွေ ပိုနေခဲ့တာကို သိသွားခဲ့ပါတယ် သတင်းအမှားတွေက ဝေ့ပြည်ကိုစေလွှတ်ထားတဲ့ နှစ်ချီသူလျှိ Chen Gong ဆီကနေလာတယ်လို သံသယဝင်လာတာကြောင့် Xun Xu ဆိုတဲ့သူလျှိ နောက်တစ်ယောက်ကို ဝေ့ပြည်ကို စေလွှတ်ပြီး စုံစမ်းခိုင်းခဲ့ပါတယ် Xun Xu လည်းဝေ့ပြည်မှာ စုံစမ်းရင်းနဲ့ စူးပြည်အတွင်းသတင်းဌာနမှာ Zhu Long ဆိုတဲ့ သူလျှိက Chen Gong ရဲ့တင်ပြချက်တွေကို လဲလိုက်ရုံတင်မကဘဲ စူးပြည်ရဲ့ လေးအဆက်တည်ဆောက်ပုံကိုပါ ခိုးယူဖိုကြံစည်ရင်း Qing Ping အစီအစဉ်ကို အကောင်အထည်ဖော်နေတယ်ဆိုတာကိုပါ သိလိုက်ရပါတယ် အဲ့နောက်မှာတော့ Chen Gong နဲ့ Xun Xu တိုနှစ်ယောက် ဘယ်လိုပူးပေါင်းပြီး Zhu Long ဆိုတဲ့သူလျှိကို ဖော်ထုတ်သွားမှာလဲ ….. Zhu Long ဆိုတဲ့ ဝေ့ပြည်ရဲ့သူလျှိက ဘယ်သူဖြစ်နေမှာလဲ….. Qing Ping အစီစဉ်ဆိုတာကရော ဘာလဲ …. နာမည်ကြီး သရုပ်ဆောင်‌တွေအများကြီးပါဝင်ထားတဲ့ ရှေးခေတ်နန်းတွင်းသူလျှိကားလေးဖြစ်တာကြောင့် ပဟေဠိဆန်ဆန် ရုပ်ရှင်တွေကိုကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ The Wind blows from Longxi ဆိုတဲ့ကားလေးကို CM ကနေမကြာခင်မှာ တင်ဆက်ပေးတော့မှာ ဖြစ်လို စောင့်မျှော်ကြည့်ရှုလိုရပါတယ်နော်…