Movie Name
Secrets Of Summer
Year
2022
Generes
Drama, Family
Code
SE0233
Type
Series
Size
4.46 GB
Country
Hollywood
Description
Secrets of Summer (2022) IMDb Rating – 6.9/10 “Secrets of Summer ” နွေရာသီလျှို့ဝှက်ချက်များဆိုတဲ့ အမည်လေးအတိုင်း နွေရာသီအချိန်အခါကိုနောက်ခံထားရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။နွေရာသီ ဆိုတာက မိုးလေကင်းစင်ပြီးပူပြင်းခြောက်သွေ့တာက ဓမ္မတာပါပဲ။ ဒီလိုရာသီမျိုး ဆိုတာက ရေနဲ့ပတ်သက်တဲ့အားကစားသမားတွေအတွက်အကြိုက်ဆုံးရာသီတစ်ခု ပေါ့။ ဒီဇာတ်ကားလေးထဲမှာဆိုရင်လည်း Cielo Grandeလေးမှာ (၁၂)နှစ်ကြာမကျင်းပဖြစ်တဲ့ Summer Crush ဆိုတဲ့ ရေလှိုင်းစီးပြိုင်ပွဲလေးတစ်ခုကို နွေရာသီမှာကျင်းပဖို့ဟန်ပြင် နေကြတာပေါ။ ဒီပြိုင်ပွဲလေးနဲ့အတူ Sky Vibes ဆိုတဲ့ ကာရာအိုကေဘားလေးကိုပါ ပြန် အသက်သွင်းရင်း Cielo Grandeကိုအရင်ကလိုပြန်ဖြစ်အောင်ကြိုးစားနေကြတာပေါ့။ ဒီလိုပြန်အသက်သွင်းဖို့လုပ်နေတဲ့ Cielo Grande ဆိုတဲ့နေရာလေးဆီ ပရော်ဖက်ရှင်နယ် ရေလှိုင်းစီးသမားလေး Steffiကလည်း သူ့မိသားစုရဲ့လျှို့ဝှက်ချက်လေးကိုရှာဖွေဖို့ရောက် လာတော့ Cielo Grandeက အရင်လိုလှုပ်ရှားအသက်ဝင်လာမလား။ Steffiကလည်း သူရှာနေတဲ့အရာကိုတွေ့သွားမလားဆိုတာကို စိတ်အပန်းဖြေကြည်နူးစွာကြည့်ရမယ့် Family and drama ကားလေးပါလို့ ညွှန်းပါရစေ။