Movie Name
Top Boy
Year
2011
Generes
Crime, Drama, Thriller
Code
SE0234
Type
Series
Size
6.19 GB
Country
Hollywood
Description
1-18 Completed IMDb Rating – 8.4/10 Netflix ကနေပြတဲ့ Series တစ်ခုဖြစ်တဲ့ Top Boy ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် Jamie တစ်ယောက် အရင်မူးယစ်ဆေးရောင်းဝယ်သူ တူရကီကောင်တွေရဲ့ အဆမတန်စျေးတင်မှုကြောင့် Supplier အသစ် ဖြစ်သူ Dushan နဲ့ ဆက်သွယ်ဖို့ ဖြစ်လာပါတော့တယ်။ Dushan ကလည်းနယ်နယ်ရရတော့ မဟုတ်ပါဘူး သူကမူးယစ်ဆေးရောင်းဝယ်တဲ့နေရာမှာ အကောင်ကြီးကြီး တစ်ကောင်ပါ။ ဒီလိုနဲ့ Jamieနဲ့ Dushan တို့ကြား ဘယ်လိုတွေဆက်ဖြစ်မှာလဲ မူးယစ်ဆေးဝါးရောင်းဝယ်ရေး ဂိုဏ်းတွေကြားပြဿနာများကို အသားပေး ရိုက်ကူးထားတာကိုလည်းတွေ့ရပါတယ်။ Crime, Drama, Thriller ကားကောင်း ကြိုက်သူများအတွက်တော့ တစ်ဝကြီးကြည့်ရမယ့် စီးရီးတစ်ခုပါပဲ။ နောက်ပြီးတော့ Rating အားဖြင့်လည်း 8.4/10 ရရှိထားတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ စုစုပေါင်း(၁၀)ပိုင်း ပါဝင်ပြီး တစ်ထိုင်တည်းအားရပါးရကြည့်နိုင်အောင် တစ်ပြိုင်တည်း တင်ဆက်ပေးလိုက်ပါပြီ။ Top Boy – Season 02 ================ IMDb Rating – 8.4/10 Season(1)မှာဆိုရင် မူးယစ်လောကရဲ့အကောင်ကြီးဖြစ်တဲ့ Dushane နဲ့ အားပြိုင်မှုတိုက်ပွဲမှာ Jamie တစ်ယောက်ကျရှုံးခဲ့ရပါတယ်။ Stefan (Jamie ရဲ့ညီ)ရဲ့ သူငယ်ချင်း Ats ဆိုတဲ့ကောင်လေးကို အသုံးချပြီးတော့ Jamie တို့ထောင်ချောက်ဆင်ခံလိုက်ရတာပါ။ Jamie တစ်ယောက် ညီဖြစ်သူကို ထောင်ကျမခံချင်တာကြောင့် ညီဖြစ်သူကိုယ်စားထောင်ထဲဝင်သွားခဲ့ပါတယ်။ ​ အခု Seasonမှာဆိုရင်တော့ Jamie တစ်ယောက်ကထောင်ကလွတ်လာခဲ့ပြီး မူးယစ်လောကကိုလည်း Dushane ကအုပ်စိုးနေပါပြီ။ စပိန်ကအဆက်တွေနဲ့ မူးယစ်လောကမှာဆရာတစ်ဆူဖြစ်လာတဲ့ Dushane, ထောင်ကလွတ်ပြီးနောက် ညီဖြစ်သူနဲ့မိသားစုကိုဦးစားပေးလာတဲ့ Jamie, သူတို့တွေရဲ့တိုက်ပွဲကြားမှာ အသုံးချခံဖြစ်ခဲ့ရတဲ့ Atas ရဲ့ရုတ်တရက်သေဆူံးမှုတွေနဲ့ ပြဿနာတွေက မပြီးဆုံးနိုင် သေးသောအခါ……