Movie Name
Naomi (2022)
Year
2022
Generes
Drama, Fantasy, Sci-Fi
Code
SE0236
Type
Series
Size
3.53 GB
Country
Hollywood
Description
Naomi (2022) ============ CW ရဲ့ Arrowverse တွေနဲ့ ချိတ်ဆက်နေပြီး comic တွေ အရ Young Justice ထဲမှာလည်း ပါလာနိုင်တဲ့ Ongoing series နာအိုမီဆိုတဲ့ Super hero Origin နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ Comic ထဲမှာဆိုရင် Naomi က Earth -0 ကလာတဲ့ Alien တစ်ယောက်ဖြစ်ပြီး သူ့ဂြိုလ်ပေါ်ကနေ Superman လိုမျိုး ကမ္ဘာပေါ်ကို ယာဉ်ပျံတစ်စီးနဲ့ရောက်လာပြီး မွေးစားခြင်းကိုခံခဲ့ရသူပါ။ သူ့ရဲ့ Abilities တွေက Superhuman Strength, Durability,Speed Energy Projection တို့ကို ထုတ်လွှင့်နိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နာအိုမီရဲ့ Hero Origin. ငယ်ဘ၀ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ နာအိုမီက သူကိုယ်တိုင် ဂြိုဟ်သားတစ်ယောက်ဖြစ်မှန်းမသိပဲ Superhero တွေကို သဘောကျ comicတွေကို ဖတ်ရတာ သဘောကျတဲ့ ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးပါ ။ တစ်နေ့ သူနေတဲ့ ပို့‌အိုဆွေ ဂိုမြို့လေးမှာ စူပါမန်းပျံသန်းရင် ‌တိုက်ပွဲတစ်ခုဖြစ်သွားရာကနေ ပုန်းအောင်းနေတဲ့ စွမ်းအားတွေ ပေါ်လာခဲ့ပါတယ် ။ ဒီလို စွမ်းအားတွေနဲ့ အတောင်မစုံသေးတဲ့ နာအိုမီဟာ မိသားစု ကျောင်းကိစ္စနဲ့ စွမ်းအားတွေတစ်ဖက်နဲ့ ဗျာများနေခဲ့ပြီး သူ့လို ဂြိုဟ်သားမျိုးစိတ်တွေအတူယှဉ်တွဲနေထိုင်နေကြောင်း သိလိုက်ရတဲ့ အချိန်မှာတော့ နာအိုမီမတ်ဒေါဖီး aka Powerhouse ဆိုတဲ့ Superhero တစ်ယောက် မွေးဖွားလာခဲ့ပါတယ်။