-
Movie Name
-
I Want To Be Brothers With You/ I Don’t Want To Be Brothers With You (အဖြူရောင်နှောင်ကြိုး) (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SC0520
-
Type
-
Series
-
Size
-
9.83 GB
-
Country
-
China
-
Description
-
Episodes 1 to 30 End
ကျောင်းသားကားလေးတွေကိုမှ နှစ်သက်သဘောကျတဲ့drama lovers လေးတွေအတွက် “I Want To Be Brothers With You/ I Don’t Want To Be Brothers With You (အဖြူရောင်နှောင်ကြိုး)” ဆိုတဲ့ Friendship/ Bromance & Comedyအမျိုးအစားဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 😉
ငယ်ငယ်ကတည်းက တကျက်ကျက်ရန်ဖြစ်ရင်း ညီအစ်ကိုလိုပေါင်းနေကြတဲ့ သားအဖနှစ်ယောက်ဖြစ်တဲ့ “ကောင်းပင်း နဲ့ ကောင်းယန်”
“ကောင်းယန်” ရဲ့ အိမ်နီးနားချင်း ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ “ကျင်းပေ့ပေ့”၊ “ကျောက်ကျားကျောင်”၊ “ထျန်းမန်လိုင်” နဲ့ မတည့်ကြတဲ့သူငယ်ချင်း “တုန်တာ့ဝေ”
ကျောင်းသူချောချောလေးကျောင်းပြောင်းလာလို့ “ကောင်းယန်”တစ်ယောက် သူ့ဘေးနားမှာထိုင်ခိုင်းဖို့ နေရာဖယ်ထားခဲ့ပေမဲ့ လာထိုင်တဲ့သူက လျှို့ဝှက်ချက်တွေရှိပြီး တည်ငြိမ်အေးဆေးတဲ့ “ယဲ့ရှောင်ဝမ်” ဆိုတဲ့ ကျောင်းသားဖြစ်နေတဲ့အခါ…
“ယဲ့ရှောင်ဝမ်”ဟာ “ကောင်းယန်”သဘောကျတဲ့ ကျောင်းသူသစ်လေး “မီကျား”နဲ့လည်းရင်းနှီးနေပြီး ဆရာတွေရဲ့မျက်နှာသာပေးမှုကိုခံနေရတာကြောင့် အမြင်မကြည်ဖြစ်နေတဲ့အပြင် အဖေဖြစ်သူက “ယဲ့ရှောင်ဝမ်”ကို သူတို့အိမ်ပေါ်ခေါ်တင်လာတဲ့အခါမှာတော့…
“ကောင်းပင်း” ကရော ဘာကြောင့် “ယဲ့ရှောင်ဝမ်” ကို အိမ်ခေါ်လာခဲ့ရတာလဲ၊ “ကောင်းယန်” နဲ့ “ရှောင်ဝမ်” တို့ကလည်း တစ်အိမ်တည်းနေရင်း ရန်ဘက်တွေကနေ ဘယ်လိုသံယောဇဉ်တွေဖြစ်လာပြီး တစ်ယောက်ကိုယ်တစ်ယောက် ဘယ်လိုကာကွယ်ပေးကြမလဲဆိုတာတွေကိုတော့ မင်းသားမင်းသမီးချောလေးတွေ အများကြီးပါဝင်ပြီး စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွေထက် ပိုမိုသာလွန်နေတဲ့ “အဖြူရောင်နှောင်ကြိုး” ဆိုတဲ့ ဒီကားလေးထဲမှာ ခံစားကြည့်ရှူနိုင်အောင် တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင့် ❤️