Movie Name
Longling Insect Valley (2022)
Year
2022
Generes
Action, Adventure, Fantasy
Code
CN0302
Type
Movie
Size
924 MB
Country
China
Description
လုံလင်ပိုးမွှားတောင်ကြား” ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊ ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့သတ္တဝါတွေ ကျက်စားနေထိုင်ရာနေရာပေါ့။ နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်း သားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။ ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊ ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။ ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ? လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင် ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။ ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်က အရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။ သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်​သေပြချင်နေခဲ့တယ်။ ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့ ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။ သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့ လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့်စွန့်စားခန်းစတင်ပါတော့တယ်။ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့ မတူညီတဲ့လူတွေ အတူတကွခရီးဆက်ကြတဲ့အခါ…. ဆန်းကြယ်တဲ့ ပဟေဠိ​တွေကိုအဖြေညှိကြရင်း ရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။ မသေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။ ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။ ဆက်လက်စောင့်ကြည့်ခံစားပါ