-
Movie Name
-
Dine With Love (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SC0521
-
Type
-
Series
-
Size
-
6.91 GB
-
Country
-
China
-
Description
-
1-16 Complete
ဒီတစ်ခါCMကနေ ဘာသာပြန်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့
Dine with love ဆိုတဲ့ Modern series လေးပဲဖြစ်ပါတယ်
အဓိကပါဝင်ထားတဲ့သရုပ်ဆောင်တွေကတော့ စည်းကမ်းတင်းကျပ်တဲ့
သူဌေး Yu Hao အဖြစ် Fighter of the destiny ,Love is Sweet တို့ထဲက
ဇာတ်ပို့မင်းသား Gao Hanyu သူဌေးရဲ့စီမံရေးမှူးမလေး
Su Kelan အဖြစ် Zheng Qiuhong တို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ အရမ်းကိုစည်းကမ်းတင်းကျပ်ပြီး
အတွက်အချက်ကြီးတဲ့ သူဌေး Yu Hao ဟာ အိမ်မှ
ာ မီးဖိုခန်းတောင်မထားတဲ့သူဖြစ်ပြီး အစားအသောက် အစီစဉ်တစ်ခုကို
စတင်ခဲ့ရာကနေ အစားအသောက် reality show တစ်ခုကို
စပွန်ဆာ ပေးဖြစ်ခဲ့ပါတယ် အဲ့ Show မှာ သူကိုယ်တိုင် ဟင်းချက်ပြရဖို့
အကြောင်းဖန်လာတဲ့အခါမှာတော့ ဟင်းချက်သင်ဖို့ အချိန်မပေးနိုင်တဲ့
Yu Hao ဟာလူစားထိုးရိုက်ခိုင်းခဲ့တာကြောင့် Showအဖွဲ့သားတွေ
မကျေမနပ်ဖြစ်ခဲ့ကြပါတယ် လူထု (ပရိတ်သတ်)တွေ နဲ့
နာမည်ကျော်တွေကြားကဆက်ဆံရေးကိုထိန်းသိမ်းပေးရတဲ့
စီမံရေးမှူးမလေး Su Kelanဟာ ဒီပြဿနာကို စီမံဖြေရှင်းဖို့
အလုပ်ကိုလက်ခံရရှိပြီးနောက်မှာ Yu Hao ကို ဟင်းချက်သင်ကြားပေးဖို့
အကြောင်းပါလာခဲ့ပြီး အကျိုးမရှိတဲ့အလုပ်မှာ အချိန်အကုန်မခံချင်တဲ့
သူဌေး Yu Hao ကို မီးဖိုခန်းထဲကို ရောက်သွားအောင် ဆွဲဆောင်ပြီး
Yu Hao ရဲ့နှလုံးသားထဲထိရောက်အောင် ဘယ်လိုနေရာဝင်ယူသွားမှာလဲဆိုတာကိုတော့
CM ကနေမကြာခင်မှာတင်ဆက်ပေးတော့မယ့် Dine with love ဆိုတဲ့
ကားလေးမှာစောင့်မျှော်ကြည့်ရှူရင်း စိတ်ပါဝင်စားရင်
ဟင်းချက်နည်းလေးတွေပါ သင်ယူလို့ရတာဖြစ်လို့ စောင့်မျှော်ကြည့်ရှူ အားပေးလို့ပါတယ်နော်