Movie Name
Welcome To Eden (2022)
Year
2022
Generes
Action, Adventure, Thriller
Code
SE0240
Type
Series
Size
4.70 GB
Country
Hollywood
Description
1-8 Completed Welcome to Eden (2022) Season 1 ဇာတ်လမ်း အညွှန်း လူငယ်လေး တစ်စုဟာ တစ်ရက်မှာ video clip လေးတစ်ခုကို အကြောင်းပြုပြီး သီးသန့်ပါတီပွဲကို ဖိတ်ကြားခံရပါတယ်။ ဒါကမထူးဆန်းသေးပါဘူး။ ဒါပေမဲ့ ထူးဆန်းတာက ဖိတ်ကြားခံရတဲ့ ပါတီက “ဧဒင်” လို့ အမည်ရတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လုပ်မှာပါ။ နောက်ပြီး ဒီပွဲကိုတက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း . စာချုပ်နဲ့ချုပ်ပြီး သဘောတူထားရပါသေးတယ်။ စာချုပ်အရဆိုရင် ဘယ်အသိမိတ်ဆွေကိုမှ ခေါ်လို့မရသလို ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမယူပါဘူး။ ဒါတွေကိုလိုက်နာနိုင်ရင်တော့ တက်ခွင့်ရမယ့် ပါတီကတော့ တကယ့်အမိုက်စားပါပဲ။ ခရီးစဥ်တစ်လျှောက်လုံးကိုလည်း ကုန်ကျစရိတ်အားလုံး ကျခံသွားမှာဆိုတော့ သဘောမကျမယ့်သူ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီပါတီပွဲက ဘာရည်ရွယ်ချက်နဲ့ ကျွန်းပေါ်မှာမှ ရွေးပြီး လုပ်ရတာလဲ။ ဖိတ်တဲ့အခါမှာလည်း ဘာလို့ လျှို့ဝှက်သဘောတူရတာတွေရှိနေရတာလဲ။ အဖိတ်ခံရတဲ့လူငယ်တွေကလည်း နေ့စဥ်ဘဝမှာ အစွန့်ပစ်ခံ အပယ်ခံတွေကိုမှ ရွေးဖိတ်ထားတာပါ။ တစ်နည်းအားဖြင့် စိတ်ဒဏ်ရာတွေရှိနေတဲ့ လူငယ်တွေချည်း ရွေးဖိတ်တာကလည်း မေးခွန်းထုတ်စရာပါ။ တကယ်ပဲရောက်သွားတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမယ့် လူတစ်စုရှိနေတဲ့အခါ…. ဧဒင်ဟာ လောကနိဗ္ဗာန်လား ….. ဒါမှမဟုတ် ငရဲဘုံလား ? ဧဒင်ကိုရောက်သွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး Mystery, Thriller, Adventure ဇာတ်လမ်းမျိုးကို နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွတ်သင့်တဲ့ စီးရီးလေးပါ။ ဇာတ်လမ်းအညွှန်းကိုတော့ Richard Wai က ရေးသားပေးထားပြီး ဘာသာပြန်တွေအနေနဲ့ကတော့ Richard Wai, Roman NoX, JimX, Leonard Lin, JoJoVa တို့ပဲ ဖြစ်ပါတယ်