-
Movie Name
-
The Dropout (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SE0243
-
Type
-
Series
-
Size
-
2.63 GB
-
Country
-
Hollywood
-
Description
-
1-8 Complete
တစ်ပိုင်းချင်းစီကို IMDB rating 7.5 အောက္မဆင်းဘဲ Overall rating 8 လောက်ရထားတဲ့ Hulu ရဲ့ဖြစ်ရပ်မှန် series ဖြစ်ပါတယ်။
TV Shows အများစုမှာ မြင်နေကြ နာမည်ကြီး Cast တွေကောင်းကောင်းနဲ့ ရှယ်ရိုက်ပြထားတာပါ။
၂၀၀၂ အစပိုင်းလောက်က နည်းပညာလောကမှာ
တစ်ခေတ်ဆန်းပြီး ပြောင်းလဲမှုတွေအများကြီဖြစ်ခဲ့တဲ့ အချိန်ပါ။ Steve Jobs ရဲ့ Apple မျိုးဆက်အစ ၊ Bill Gates ရဲ့ Windows , Zuckerberg ရဲ့ Facebook ၊ Jack Dorsey ရဲ့ Twitter စသဖြင့် လူငယ် လူလတ်ပိုင်းတွေ ကျောင်းထွက်ပြီး နည်းပညာနဲ့ ဘီလီယံနာကြီးေတွ စဖြစ်လာတဲ့ အချိန်ေပါ့။
ဒါတွေကို အားကျတဲ့ အဲလိဇဘက်ဟုမ်းဆိုတဲ့ ကောင်မလေးဟာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ စတန်းဖို့ဒ် တက္ကသိုလ်ကျောင်းသူပါ ။ သူဟာ ဒုတိယနှစ်မှာတင် ဘွဲ့လွန် ဇီ၀ဓာတု အင်ဂျင်နီယာပိုင်းတွေကို လေ့လာနိုင်နေပြီး ရည်မှန်းချက်ကတော့ ဆေးဝါးလောကမှာ တစိခေတ်ပြောင်းစေမယ့်
အိမ်သုံးသွေးကနေ ရောဂါရှာဖွေရေးစက်ကို တီထွင်ဖို့ပါ။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ စတန့်ဖို့ဒ်ကနေ ကျောင်းထွက်ကာ စွန့်ဦးတီထွင် Theranos ဆိုတဲ့ Start-up တစ်ခုကို စခဲ့တယ်။ကုမ္ပဏီကြီးတွေရဲ့ ငြင်းပယ်မှုအကြိမ်ကြိမ်ကနေ သူမ ဖြစ်ချင်တဲ့ Bill Gate, Steve Jobs တစ် အောင်မြင်တဲ့
ဘီလီယံနာတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကို ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဒါကြည့်ပြီရင်တော့ စွန့်ဦးတီထွင်မှုပိုင်းနဲ့ အမေရိကန်ေတွရဲ့ စီးပွားရေးကို အတော်အတန်နားလည်လာမှာ အသေချာပါပဲ။