Movie Name
The Fame Game (2022)
Year
2022
Generes
Crime, Drama
Code
SE0244
Type
Series
Size
2.39 GB
Country
Hollywood
Description
1-8 Complete The Fame Game (2022) ဒီလထဲမှာ Netflix ကတင်ဆက်လိုက်တဲ့ ဘောလိဝုဒ် series တစ်ခုဖြစ်ပါတယ်။ အပိုင်းရှစ်ပိုင်းပါဝင်ပြီးတော့ Thriller series ဖြစ်ပြီး IMDB 7.3/10 ရရှိထားတဲ့ series ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကျော်စူပါစတားတစ်ယောက်၊ ဇနီးကောင်းမိခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်နေတဲ့ Anand ဟာ ရုတ်တရက်သတင်းအစအန ရှာမရပဲပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ပတ်ဝန်းကျင်ကမိသားစုဝင်တွေနဲ့ ရဲတွေကလည်း ရေကုန်ရေခမ်းကြိုးစားရှာဖွေကြရင်း အကျည်းတန်လှတဲ့အမှန်တရားတွေနဲ့ သူလိမ်ညာဖုံးကွယ်ထားတဲ့ကိစ္စတွေကလည်း တစ်ခုချင်းပေါ်လာခဲ့ပါတော့တယ်။ အောင်မြင်မှုရဲ့နောက်ကွယ်မှာလည်းလူတွေထင်မှတ်မထားတဲ့အမှန်တရားတွေရှိနေပြီး ထင်မှတ်မထားတာတွေတစ်ခုပြီးတစ်ခု ဘူးပေါ်သလိုပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ပျောက်ဆုံးမှုနောက်ကွယ်မှာရော ဘယ်လိုအကြောင်းခံတွေရှိနေမှာလဲဆိုတာကတော့ စိတ်လှုပ်ရှားစရာဇာတ်ရှိန်အတက်အကျတွေ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့တူတူ ပ ရိသတ်ကိုယ်တိုင်ပဲရှုစားကြည့်လိုက်ကြပါဦး။ အရည်အသွေးမြင့်တဲ့ Thriller series တစ်ခုဖြစ်တာကြောင့် ရှစ်ပိုင်းပြီးသွားရင်တောင် ကြည့်မဝဖြစ်ကျန်ခဲ့မှာတော့ကျိန်းသေပါပဲ။