Movie Name
Married With Senior (2022)
Year
2022
Generes
Drama
Code
SOT0002
Type
Series
Size
3.12 GB
Country
Others
Description
1-8 Complete 2022 ဖေဖော်ဝါရီလလောက်တုန်းကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အခုနောက်ပိုင်းမှာ Wattpad ကဇာတ်လမ်းလေးတွေကို ကျောရိုးယူပြီးရိုက်ကူးလာကြတဲ့ ဇာတ်လမ်းလေးတွေခေတ်စားလာတာကို တွေ့ရပါတယ်။ အရာရာကို ပေါ့ပေါ့ပါးပါးတွေးပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ တစ်ဦးတည်းသော သမီးလေး မီကာဟာ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒလေးကြောင့် လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ မီကာ နဲ့လက်ထပ်မယ့် အန်ကာဆာ ကတော့ မီကာရဲ့ မိဘတွေနဲ့ရင်းနီးပြီးတော့ ကျောင်းမှာ မီကာထင်တိုင်းကြဲမှုတွေကို လိုက်လံထိန်းသိမ်းပေးနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဆန္ဒထက် သူ့ရဲ့ မိဘတွေရဲ့ ပျော်ရွှင်မှုတွေကို ဦးစားပေးတတ်သူတစ်ယောက်ပါ။ သူတို့ မိဘတွေလက်ထပ်တုန်းက အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို သားသမီးတွေလက်ထက် မှာ အသက်သွင်းပေးချင်တဲ့ အတွက် သူတို့တွေဟာ သားသမီးချင်း လက်ထပ်ပေးဖို့ ကတိတွေထားခဲ့မိကြပါတယ်။ သဘောတူညီမှုတွေကြားထဲမှာ နောက်ထပ်‌ မီကာ ရဲ့ ဘ၀ထဲမှာ အမှတ်မထင်ရောက်လာတဲ့ ရိုင်နို ဆိုတဲ့ ပေါ့ပါးလွတ်လပ်တဲ့ အတွေးအခေါ်နဲ့ ကောင်လေးတစ်ယောက်ကလဲ မီကာရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ကြိုးစားလာပါတယ်။ မီကာ ကိုယ်တိုင်ကရော မိဘတွေစီစဉ်မှုကြောင့်ဖြစ်လာတဲ့ အန်ကာဆာနဲ့ အိမ်ထောင်ရေးကို လက်ခံမလား အမှတ်မထင် ဘ၀ထဲကိုရောက်လာတဲ့ ရိုင်နိုနဲ့ပဲ လက်တွဲသွားမလားဆိုတာကိုတော့ စိတ်၀င်စားဖွယ် ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမယ့် Indonesia mini series လေးဖြစ်ပါတယ်။