-
Movie Name
-
A KOREAN ODYSSEY
-
Year
-
2017
-
Generes
-
Comedy, Fantasy, Horror
-
Code
-
SKR0270
-
Type
-
Series
-
Size
-
7.87 GB
-
Country
-
Korea
-
Description
-
IMDb Rating 8.9 ရထားတဲ့ tvN က လက်ရှိအပါတ်စဉ် စနေတနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ကိုးရီးယားစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ မိနစ် ၉၀စာ အပိုင်း ၂၀ ပါဝင်မယ်လို့ ပြောပါတယ်။ စီးရီးအမျိုးအစားကတော့ Romance Comedy Horror Fantasy ရသစုံပါဝင်တဲ့ စီးရီးလေးပါ။ tvN က ကိုးရီးယားပြည်တွင်းမှာ ထုတ်လွှင့်ပြသနေသလို Netflix ကလည်း Globally distributor အနေနဲ့ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသနေတဲ့စီးရီးလေးပါ။ အစကနဦးက ဒါရိုက်တာတစ်ဦးထဲရိုက်ကူူးခဲ့ပေမယ့် အာရှသာမက ကမ္ဘာအနှံ့ထုတ်လွှင့်ပြသမှာဖြစ်တာကြောင့် နောက်ထပ်နာမည်ကျော်ဒါရိုက်တာနှစ်ယောက်လည်း ပါဝင်လာတာကြောင့် စုစုပေါင်း ဒါရိုက်တာ ၃ ဦး ကောင်းမွန်သေသပ်တဲ့ CGI effectတွေနဲ့အတူ အကောင်းဆုံးလက်စွမ်းပြထားတဲ့စီးရီးဖြစ်သလို ဇာတ်ညွှန်းရေးတဲ့သူကလည်း ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Master’s sun , My girlfriend is a Nine-Tailed Fox ,My girl အစရှိတဲ့စီးရီးတွေကို ရေးခဲ့တဲ့ နာမည်ကျော် Hong sisters ပါ။ ဒီစီးရီးကတော့ အရင်ကျွန်တော်တို့ ကလေးဘဝက အသဲစွဲကြိုက်ခဲ့ရတဲ့ “Journey to the West” နာမည်ကျော် စွန်းဝူခုံးဇာတ်ကားကို ကျောရိုးယူထားပြီး အသွင်သစ်အမြင်သစ်တွေနဲ့ ကိုးရီးယားဗားရှင်း ပြောင်းရိုက်ထားတာပါ။ စွန်းဝူခုံးလို့ ပြောလိုက်တာနဲ့ကို ဆရာတော်နဲ့ သူရဲ့တပည့်ကျော်သုံးယောက်ကို တစ်ခါတည်း တွဲမြင်ပြီးသားဖြစ်မှာပါ။ ကိုးရီးယားဗားရှင်းမှာ Romance ဖြစ်တာကြောင့် ဆရာတော်နေရာဆိုရင် Romance လုပ်လို့မရတာကြောင့် ဘုန်းကညာတစ်ပါး လုံးရာကပြားပြီး ဒီစီးရီးမှာ မိန်းကလေးလိုအသွင်သစ်နဲ့ မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့……….. တရုတ်ဒဏ္ဍရီအယူအဆအရ ဒီလောကမှာ လူသားတွေအပြင် အခြားနာနာဘာ၀ ဝိနာဘာဝတွေ မိစ္ဆာတွေ မကောင်းဆိုးဝါးတွေ ရှိကြပါတယ်။ ဒီထဲမှာမှ တိရိစ္ဆာန်နွယ်ဝင်မိစ္ဆာတွေဟာ သက်တမ်းရှည်ပြီး Supernatural သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ပြီး လူသားအသွင်ပြောင်းတာတွေ လုပ်နိုင်သလို တာအိုဝါဒအတိုင်း ကျင့်ကြံပြီး ကောင်းတာတွေလုပ်လို့ရှိရင် နတ်ဘုံနတ်နန်း နတ်အနွယ်ဝင်ဖြစ်လာနိုင်ပါတယ်တဲ့။ ၂၁ ရာစုမှာတော့ ဒီမိစ္ဆာတွေဟာ လူသားအသွင်ဖန်ဆင်းပြီးတော့ ကောင်းကင်ဘုံ ရောက်နိုင်ဖို့အတွက် ကျင့်ကြံနေကြပါတယ်။ဒီလူ့လောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေတောင် ဖြစ်နေကြပါပြီ။ နွားမိစ္ဆာ မာဝမ်လည်း တစ်ယောက်အပါအဝင်ပေါ့။ အဲဒီမိစ္ဆာတွေထဲက စွန်းအိုဂွန်းလို့ခေါ်တဲ့မျောက်မင်းတစ်ကောင်ဟာ စွမ်းအား အလွန်ကြီးပါတယ်။ သူရဲ့စွမ်းအားတွေကတော့ အလေးချိန်ပေါင် ၂သောင်းလောက်ကိုအလွယ်တကူမ နိုင်သလို အမြန်နှုန်းက ကမ္ဘာကိုတစ်ပတ်ပါတ်ဖို့ ၂စက္ကန့်ပဲကြာလို့ Flash ထက်တောင်မြန်ပါတယ်။ အသွင်သဏ္ဍန်အမျိုးမျိုးပြောင်းနိုင်ပြီး ကောင်းကင်ဘုံရဲ့ အတော်ဆုံးစစ်သည်တော်တွေကို တောင်ယှဉ်ပြိုင်နိုင်ပါတယ်။ လေ-ရေ-မိုးတိမ်တွေကို ထိန်းချုပ်နိုင်တဲ့ဂါထာတွေတတ်သလို တခြားစွမ်းအားတွေအများကြီးပိုင်ဆိုင်ပါတယ်။ တစ်နေ့တော့ ကောင်းကင်ဘုံမှာ မူးပြီးသောင်းကျန်းလို့ မိုးနတ်မင်းက သူ့ကိုတောင်ငါးလုံးအောက်မှာ ဖမ်းချုပ်ထားတာခံနေရပါတယ်။ ဂျင်ဆွန်းမီလို့ ကလေးမလေးတစ်ယောက်ဟာ တစ္ဆေသူူရဲတွေကို မြင်နိုင်တဲ့ ထူးခြားတဲ့ကလေးမလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ နွားမိစ္ဆာ မာဝမ်ဟာ စွန်းအိုဂွန်းဖမ်းချုပ်ထားတဲ့ဆီက ယပ်တောင်ကို လိုချင်တာကြောင့် ဒီကလေးမလေးကို ယူဖို့ခိုင်းလိုက်ရင်း ကလေးမလေးဟာ စွန်းအိုဂွန်းကို အချုပ်အနှောင်ကလွတ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ပေးလို့ အပြန်အလှန်အနေနဲ့ ကလေးမလေးကို စွန်းအိုဂွန်းက သူ့နာမည်ခေါ်လိုက်တာနဲ့ ရောက်လာပြီး ကူညီစောင့်ရှောက်ပေးဖို့ ကတိကဝတ်ပြုထားကြပါတယ်။ ဒါပေမယ့် စွန်းအိုဂွန်းကတော့ မျောက်ကျင့်မျောက်ကြံအတိုင်း မကူညီချင်လို့ ကလေးမလေးရဲ့ မှတ်ဉာဏ်ထဲက သူ့နာမည်ကိုဖျက်ပစ်လိုက်ပြီး ပျောက်ကွယ်သွားပါတယ်။ ဂျင်ဆွန်းမီကတော့ မျောက်မင်းစွန်းအိုဂွန်းကို လွတ်ပေးလိုက်မိတဲ့အတွက် ဆရာတော်ထျန်ဆန်းရဲ့ သွေးကို အမွေဆက်ခံရသူဖြစ်သွားပါတယ်။လူသားတွေအတွက် မသိသာပေမယ့် သူရဲ့အသွေးအသားကို သောက်သုံးရတဲ့မိစ္ဆာတွေဟာ အသက်ရှည်စွမ်းအားတွေအလွန်တိုးလာနိုင်ပါတယ်။ ဒါကြောင့် သူဟာ မိစ္ဆာတွေအားလုံးက ငမ်းငမ်းတက်လိုချင်နေတဲ့သွေးပိုင်ရှင်ဖြစ်လာပါတော့တယ်။ -ဒီလို အန္တရာယ်တွေကို သူဘယ်လိုကျော်လွှားမှာလဲ -သူ့ကို အကာအကွယ်ပေးမယ့် စွန်းအိုဂွန်း နာမည်ကို ဘယ်လိုမှတ်မိအောင်ပြန်လုပ်မှာလဲ -စွန်းအိုဂွန်းကို ဘယ်လိုများထိန်းချုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်လိုက်ပါ။ စွန်းအိုဂွန်းအနေနဲ့ Gu Family Book, My girlfriend is a nine-tailed fox တို့နဲ့လူသိများတဲ့ မင်းသား မင်းသား Li-Seung Gi , ဂျင်ဆွန်းမီအနေနဲ့ မင်းသမီး Oh Yeon Seo ( Shine or Go Crazy, Come back Mister, My sassy girl စီးရီးရဲ့မင်းသမီး) တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး တခြား နာမည်ကျော် သရုပ်ဆောင်များစွာပါဝင်ထားပြီး ကောင်းမွန်သေသပ်တဲ့ CGI ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ရသမျိုးစုံပေးနိုင်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့စီးရီးလေးမို့ Channel Myanmar ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။