Movie Name
The Swindlers [2017]
Year
2017
Generes
Action, Crime
Code
KR0215
Type
Movie
Size
957 MB
Country
Korea
Description
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တာကတော့ “The Swindlers” ဆိုတဲ့ ကိုးရီးယားဇာတ်ကားပဲဖြစ်ပါတယ်… ကိုးရီးယားနိုင်ငံဆိုးလ်မြို့ ၂၀၀၈ ခုနှစ်မှာ ကိုယ့်ကိုကိုယ် သတ်သေမှု ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့ပါတယ်.. ဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ ဂျန်ဒူချေးဆိုတဲ့ လူလိမ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကိုးရီးယားပြည်သူတွေဆီက ငွေတွေလိမ်ယူသွားတာပါ… အလိမ်ခံလိုက်ရသူများဟာ မူးလဲသူက မူးလဲ သတ်သေသူက သတ်သေနဲ့ အပြတ်ပြတ်နှာခေါင်းသွေးထွက်ခဲ့ပါတယ်…. လူလိမ်ဂျန်ဒူချေးကို တရားဥပဒေအရ သက်ဆိုင်ရာက ဖမ်းချုပ်မှာလား… ကံတရားက အမှန်တရားဘက်မှာမရှိခဲ့ပါဘူး… ရိုးသားမှုဘက်ကိုမျက်နှာသာမပေးခဲ့ပါဘူး… ဂျန်ဒူချေးဟာ ကိုးရီးယားနိုင်ငံရဲ့ အာဏာရှိသူအသိုင်းအဝိုင်းကို လာဘ်ထိုးခဲ့ပါတယ်…. လာဘ်ထိုးပြီးနောက်မှာတော့ အာဏာပိုင်တွေက ဂျန်ဒူချေးအတွက် နိုင်ငံရေးခိုလှုံခွင့် ဗီဇာထုတ်ပေးခဲ့ပါတယ်… ဒီဗီဇာအတုကိုပြုလုပ်ပေးသူကတော့ ရိုက်စား ဟွမ်ယူဆွတ်ပါ… ရိုက်စားလောကမှာတော့ ဟွမ်ယူဆွတ်ဟာ ဆရာတစ်ဆူပါ… အကုန်လုံးကို အတုဖန်တီးနိုင်ပါတယ်… သူဟာ ဂျန်ဒူချေးဆီကို ဗီဇာအတုသွားပေးတဲ့နေ့မှာပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့ပါတယ်… ဂျန်ဒူချေးဆီကို သွားတယ်ဆိုပြီးသိထားတဲ့ ဟွမ်ယူဆွတ်ရဲ့ သားဖြစ်သူ ဟွမ်ဂျီဆောင်းဟာ သူ့အဖေသေဆုံးမှုကို မသင်္ကာဖြစ်ခဲ့ပါတယ်…. ဂျန်ဒူချေးကြောင့် သူ့အဖေသေရတယ်ဆိုပြီး ယုံကြည်ခဲ့ပါတယ်… အဲ့အချိန်ကစပြီး သူ့အဖေအတွက် လက်စားချေဖို့ အဖေခြေရာကိုနင်းပြီး ရိုက်စားလုပ်ငန်းကို စလုပ်ပါတော့တယ်… ဂျန်ဒူချေး တခြားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာတော့ သေဆုံးခဲ့ပါတယ်… ဒါပေမဲ့ ဂျန်ဒူချေးမသေသေးဘူးဆိုပြီး ဂျန်ဒူချေးနဲ့တွေ့ခဲ့တဲ့ မျက်မြင်သက်သေများက ပြောဆိုခဲ့ပါတယ်… ဂျန်ဒူချေးတစ်ယောက် သူ့ကိုယ်သူ သေတယ်လို့ကြေညာပြီး ဇာတ်မြှ ုပ်နေတာလား… ဟွမ်ဂျီဆောင်းဟာ ဂျန်ဒူချေးလာဘ်ထိုးပြီး သူ့ကိုလွတ်အောင် လုပ်ပေးခဲ့တဲ့ အာဏာပိုင်တွေကို လက်စားချေပါတော့တယ်… ဂျန်ဒူချေးသေဆုံးမှုက တကယ်ဟုတ်မဟုတ်စုံစမ်းပါတယ်… ဂျန်ဒူချေးက ဟွမ်ဂျီဆောင်းအဖေကို သတ်ခဲ့တာလား…. ဒါမှမဟုတ်ဟွမ်ဂျီဆောင်းအဖေဖြစ်သူက ကိုယ့်ကိုကိုယ် သေကြောင်းကြံတာလား… ဟွမ်ဂျီဆောင်းတစ်ယောက် အာဏာပိုင်တွေကို ဘယ်လိုဂွင်ဆင်ပြီး ရိုက်စားမလဲ…စတာတွေကို ပဟေဠိဆန်ဆန် သုံးသပ်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ … ရိုက်စားတယ်ဆိုတဲ့အတိုင်း လူလိမ်ကို ပြန်လိမ်ပြီး လှည့်ကွက်များစွာနဲ့ ရိုက်ကူးထားပါတယ်… စဉ်းစားစရာအပြည့်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ လှည့်ကွက်တွေကို တစ်ကွက်ချင်းစီတင်ပြထားတာမို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါကြောင်း…