Movie Name
The Gilded Age
Year
2022
Generes
Drama
Code
SE0250
Type
Series
Size
3.88 GB
Country
Hollywood
Description
1-9 Completed ဒီစီးရီးက ဘက်ဂျက်အတော်ကြီးကိုသုံးထားပြီး အတော်ကြီးကို ကောင်းပါတယ်။ HBO စီးရီးတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဆက်တင်တွေပီပီပြင်ပြင်ကြည့်ရမှာပါ။ 1882 ခုနှစ်၊ အမေရိကန်မှာ သံလမ်းလုပ်ငန်းတွေတွင်ကျယ်လာပြီး စီးပွားရေးအပြောင်းအလဲကြီးတွေ ဖြစ်ပျက်နေတဲ့ကာလ၊ နည်းလမ်းဟောင်းတွေနဲ့ နည်းလမ်းသစ်တွေ တိုက်ခိုက်နေကြတဲ့ Gilded age လို့ခေါ်တဲ့ကာလပါ။ နိုင်ငံရေးမသမာမှုတွေလည်း အတော်များတဲ့ကာလပေါ့။ ပန်ဆယ်ဗေးနီးယား ကျေးလက်ဒေသမှာနေထိုင်တဲ့ မာရီယန်ဘရွတ်ခ်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး သူ့ဖခင်နဲ့မသင့်မြတ်ခဲ့တဲ့ နယူးယောက်ကအဒေါ်တွေဆီ မဖြစ်မနေပြောင်းနေရဖို့ ဖြစ်လာပါတယ်။ ရည်မှန်းချက်ကြီးတစ်ခုနဲ့ ဘဝသစ်စချင်နေတဲ့ လူမဲမိန်းကလေးပက်ဂီနဲ့တွေ့ရာကအပြန်အလှန်ကူညီဖို့အကြောင်းဖန်လာရင်း အဒေါ်တွေရဲ့အိမ်ကို အတူတူရောက်သွားကြပါတယ်။ နယူးယောက်ရဲ့ လူကုံထံတွေဆီပြောင်းလာပြီး ဝင်ဆံ့အောင်ကြိုးစားချင်နေတဲ့ သံလမ်းလုပ်ငန်းပိုင်ရှင် မိသားစုတစ်စုနဲ့ လူသစ်လက်မခံချင်ကြတဲ့ အသိုင်းအဝိုင်းတို့ကြား မယ်ရီယန်တို့ရောက်လာတဲ့အခါ ဘယ်လိုအရှုပ်တော်ပုံတွေ ကြုံကြရမလဲဆိုတာ ရှုစားလိုက်ကြပါတော့။ ၁၉ရာစုလို စက်မှုထွန်းကားခါစကာလအခြေတည်တဲ့စီးရီးမျိုးတွေကြိုက်ရင်၊ ဇာတ်အိမ်ခိုင်ခိုင်မာမာစီးရီးတွေနှစ်သက်ရင် လုံးဝလက်လွှတ်မခံသင့်​ကြောင်း ပြောလိုက်ပါရစေ