-
Movie Name
-
The Responder (2022)
-
Year
-
2022
-
Generes
-
Crime, Drama, Thriller
-
Code
-
SE0252
-
Type
-
Series
-
Size
-
3.04 GB
-
Country
-
Hollywood
-
Description
-
The Responder (2022)
” ခင်ဗျားအမေကြီးရော ဘယ်လိုနေလဲ”
“သေမယ့်ရက်ကို ထိုင်စောင့်နေတယ်”
ဒါက ရဲသားကြီးခရစ်ကာဆင် တဖြစ်လဲ Martin Freeman ပြောတဲ့ ဒိုင်ယာလော့တစ်ကြောင်းပါ၊
ပတ္တရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်း
Command centre က လွှတ်တဲ့ ကေ့စ်မှန်သမျှကို သွားရောက်ဖြေရှင်းပေးရတဲ့ Responder တစ်ယောက်ပါ၊
ညဘက်ဆိုတဲ့အတိုင်း ကေ့စ်တွေကလည်း အိမ်နီးချင်းတွေ ရန်ဖြစ်တာအစ
ယာဉ်မတော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာပေါ့
ဒီလိုကေ့စ်မျိုးစုံကို ညတိုင်းအိပ်ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်းပေးရတဲ့ခရစ်တစ်ယောက်
ကြာလာတော့ သူ့ရဲ့စိတ်မှာ ထိခိုက်လာတယ် ဒဏ်ဖြစ်လာတယ်
စိတ်ပညာရှင်နဲ့ ဆွေးနွေးရတဲ့အခြေအနေဖြစ်လာတယ်၊
အရင်ကသိပ်သဘောကောင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သိပ်အဆင်ပြေခဲ့တဲ့ ခရစ်ဟာ
အခုဆို လူသေမှုအခင်းနေရာမှာ သေသူစားခဲ့တဲ့ ဝက်ပေါင်ခြောက်ကို
ထိုင်စားနေတဲ့အထိ သွေးအေးပြောင်းလဲသွားပါတယ်
အဲလိုနဲ့ပဲ ကေစီဆိုတဲ့ ဂျစ်ပစီမလေးနဲ့ ဆုံခဲ့တာပေါ့၊
သူကလည်း နှယ်နှယ်ရရမဟုတ်ဘဲ Drug dealerခေါင်းဆောင်ဆီက ကိုကိန်း တစ်အိတ်လုံး ဖြောင်လာတဲ့သူပေါ့၊
အဲဒီခေါင်းဆောင် ကြိုးကိုင်တာ ခံထားရတဲ့ ခရစ်တစ်ယောက် ကေစီကိုလိုက်ဖမ်းပေးရင်း
သူသာ ဖမ်းပို့ပေးလိုက်ရင် ကေစီအသတ်ခံရမယ်ဆိုတာသိတော့
နဂိုစိတ်ရင်းကောင်းသူပီပီ မိမိပြီးချင်းပဲ ပြန်လွှတ်ပေးခဲ့ပါတယ်၊
လွှတ်ပေးပြီး နောက်ပိုင်းကစပြီး မူးယစ်ဂိုဏ်းရဲ့ရန်ကိုရှောင်ရင်း
ခရစ်အနေနဲ့ သူ့ရဲ့စိတ်အခြေအနေနဲ့ပါ တဖန်ပြန်ပြီး ရင်ဆိုင်ရပါ
တော့တယ်….
ဒီစီးရီးဟာ BBCက ထုတ်တဲ့ Limited Seriesဖြစ်ပြီး IMDb 7.7ရရှိထားပါတယ်၊
total episodeအနေနဲ့ ၅ပိုင်းပါဝင်ပြီး Police procedural genreပဲ ဖြစ်ပါတယ်၊
မတွေ့ရတာကြာတဲ့ ကျွန်တော်တို့ရဲ့ ဒေါက်တာဝက်ဆင်ကြီး Martin Freemanကို
စိတ်ပုံမှန်မဟုတ်တဲ့ ရဲသားကြီးခရစ်ကာဆင်အနေနဲ့ တွေ့ရမှာဖြစ်ပြီး
Ian Haartနဲ့ MyAnna Buringတို့လိုနာမည်ကျော်တွေ ပါဝင်ထားပါတယ်၊
Police seriesဖြစ်တဲ့အပြင် British ကားဖြစ်တာကြောင့် စကားအသုံးအနှုန်းကြမ်းပါတယ်၊
weedတို့ Cokeတို့ဖောဖောသီသီပါပါမယ်၊
ဒါပေမဲ့ Drama ပိုင်းဆိုရင် စိတ်ချရတဲ့ Martinကြောင့်
ဒီရှိုးဟာ သူ့ဖန်တွေအတွက်တော့ စိတ်ပျက်စေမှာမဟုတ်တာ သေချာပါတယ်