-
Movie Name
-
Tribes Of Europa (2022)
-
Year
-
2022
-
Generes
-
Action, Adventure, Drama
-
Code
-
SE0253
-
Type
-
Series
-
Size
-
2 GB
-
Country
-
Hollywood
-
Description
-
1-6 Completed
Tribes of Europa ( 2021)
=================
IMDb Rating – 6.7/10
Netflix ကထွက်ရှိထားတဲ့ Underrated seriesတစ်ခုကို တင်ဆက်
ပေးချင်ပါတယ်။ IMDb 6.7 နဲ့ Rotten Tomatoesမှာ 92% အထိ
ရရှိထားပြီး Total Episodes 6ပိုင်းပါဝင်တဲ့ Seriesတစ်ခုပါ။
ဇာတ်အိမ်ကို 2070ခုနှစ်မှာ တည်ထားတာဆိုပေမယ့် ခေတ်လွန်နေ
တာမဟုတ်ဘဲ ခေတ်နောက်ပြန်ဆွဲနေတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်၊
2029 ခုနှစ် Black December ဆိုတဲ့ ဖြစ်ရပ်ကြီး တစ်ခုကြောင့်
တစ်ကမ္ဘာလုံး စွမ်းအင်ပျက်သုဉ်း အမှောင်ကျခြင်းဖြစ်စဉ် (Global
Blackout)တစ်ခုဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်က မူရင်းရှိပြီးသား နိုင်ငံ
အားလုံးပြိုကွဲကာ ဓလေ့တူ၊ ရိုးရာတူ၊ ယုံကြည်မှုတူတဲ့ လူတွေစုပြီး
သူတစ်လူ ငါတစ်မင်း နယ်မြေဖွဲ့ကာ နေထိုင်လာကြပါတယ်။ ဒီနယ်
နဲ့ လူမျိုးတွေကို မျိုးနွယ်စုတွေရယ်လို့ ခေါ်ဆိုကြပါတယ်။
Originesဆိုတဲ့ မျိုးနွယ်စုဟာ နာမည်နဲ့လိုက်အောင် နည်းပညာတွေ
နဲ့အဝေး၊ ပြင်ပလောကနဲ့ဝေးရာကို ပြောင်းလာပြီး သဘာဝတရားရဲ့
မူလအနှစ်သာရအတိုင်း တောအုပ်ကြီးထဲမှာ အခြေချနေထိုင်ကြတဲ့
မျိုးနွယ်စုပဲဖြစ်ပါတယ်။ ဒီလိုပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်
ထားတဲ့ Originesတွေရဲ့ပိုင်နက်ကို Atalantianမျိုးနွယ်ရဲ့ ယာဉ်ပျံ
တစ်စီး ပျက်ကျလာခဲ့ပါတယ်။ ထိုယာဉ်ပျံဟာ သာမန်မဟုတ်ဘဲ
လူမျိုးစုအားလုံး အသည်းအသန်လိုချင်နေကြတဲ့ ကုဗတုံးတစ်ခု ပါ
လာခဲ့ပါတယ်။ ထိုကုဗတုံးကို လက်ဝယ်ပိုင်ဆိုင်သူက ဥရောပတိုက်
ကို ဩဇာလွှမ်းမိုးနိုင်မယ်လို့ မျိုးနွယ်စုတိုင်းက လက်ခံထားတာပါ။
လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ ထိုကုဗတုံးကို
Originesတွေ အနေနဲ့ တခြားလူမျိုးစုတွေရဲ့ ရန်ကနေ ဘယ်လို
ထိန်းသိမ်းသွားမလဲ၊ ကုဗတုံးက ဘာကြောင့် ဒီလောက်အရေးကြီး
တာလဲ၊ မျိုးနွယ်စုတွေ ယုံကြည်ထားသလို စွမ်းအားကြီးတဲ့အရာ
ရော ဟုတ်ရဲ့လား၊ တကယ့်အဖြစ်မှန်က ဘာဖြစ်နေမလဲ စသဖြင့်
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Fantasy, Sci- fic miniseriesပဲ
ဖြစ်ပါတယ်။