-
Movie Name
-
Pam And Tommy (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SE0254
-
Type
-
Series
-
Size
-
2.30 GB
-
Country
-
Hollywood
-
Description
-
1-8 Completed
MDb 7.6 , RT 87%
ဒီစီးရီးကို ကြည့်ဖို့ဆိုရင်တော့ Pam နဲ့ Tommy ဆိုတာ ဘယ်သူတွေလဲ အကြမ်းဖျင်း သိထားဖို့ လိုပါလိမ့်မယ် … Pamela Anderson ဆိုတာကတော့ အမေရိကန်-ကနေဒီယန် မင်းသမီးတစ်ယောက်ပါ။ နာမည်ကျော် လူသိများတဲ့ Playboy Magazine မှာ သူဟာ အကြိမ်ကြိမ်ပါခဲ့ပြီး နာမည်ကြီးခဲ့သူပေါ့ … Tommy Lee ဆိုတာကတော့ Mötley Crüe အမည်ရ American Heavy Metal band က ဒရမ်သမားတစ်ယောက်ပါ။ Pam နဲ့ Tommy တို့ဟာ 1995 ကနေ 1998 အထိ အိမ်ထောင်ဖက်တွေ ဖြစ်ခဲ့ကြ အတွဲညီခဲ့ကြပါတယ်။ ဒီဇာတ်လမ်းကတော့ Rolling Stone article တစ်ပုဒ်ဖြစ်တဲ့ ” Pam & Tommy: the Untold Story of the World’s Most Infamous Sex Tape ” ကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားခြင်းပါ။ ဟုတ်ပါတယ် Sex Tape ပါ။ ဒီနေ့ ခေတ်အခေါ်အရဆို HD ပေါ့။ Tommy နဲ့ Pam တို့ဟာ သူတို့ရဲ့ နေအိမ်ကို အလှဆင်ပေးနေတဲ့ လက်သမား ၂ ယောက်နဲ့ ပြဿနာတက်ပြီးနောက် ဘာငွေတစ်ပြားတစ်ချပ်မှ မရှင်းပေးဘဲ အလုပ်သမား ၂ ယောက်ကို အလုပ်ဖြုတ်လိုက်ပါတယ် … အလုပ်သမားတစ်ယောက်ကတော့ မကျေနပ်ပေမဲ့ ငြိမ်ခံနေပြီး ရန် ဆိုတဲ့ ကျန်တစ်ယောက်ကတော့ ဒီလိုမဟုတ်ပါဘူး … သူဟာ မောက်မာလွန်းတဲ့ Tommy ကို အစွယ်ချိုးဖို့အရေး အကွက်ကျကျ စီစဉ်ပါတော့တယ် …. ဒီလို စီစဉ်ရင်းကမှ ကမ္ဘာကျော် Pam နဲ့ Tommy တို့ ဟန်းနီးမွမ်းတုန်းက ဖောင်းဒိုင်းလုပ်နေတဲ့ တိတ်ခွေဟာ ရန့်ရဲ့လက်ထဲကို ရောက်လာပါတော့တယ် ….. ဒီဇာတ်လမ်းမှာ Tommy နဲ့ Pam အဖြစ် ပြည်သူ့အချစ်တော် Sebastian Stan နဲ့ မမလှလှ Lily James တို့က အတွဲညီညီ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ နှစ်ယောက်လုံးကို ဒီဇာတ်လမ်းမှာ ထူးခြားတဲ့ ဖက်ရှင်တွေ မိတ်ကပ်ခြယ်သပုံတွေနဲ့ အမြင်ဆန်းဆန်း ကြည့်မြင်ရဦးမှာပဲ ဖြစ်ပါတယ်။