-
Movie Name
-
100 Days My Prince (2018)
-
Year
-
2018
-
Generes
-
Drama, Historical, Romance
-
Code
-
SKR0272
-
Type
-
Series
-
Size
-
12 GB
-
Country
-
Korea
-
Description
-
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကတော့ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် သမိုင်းနောက်ခံ အချစ်ဒရာမာ ဇာတ်လမ်းတွဲ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O. နဲ့ မင်းသမီးလေး Nam Ji Hyun တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရက် ၁၀၀ လောက် အတိတ်မေ့သွားတဲ့ အိမ်ရှေ့စံ မင်းသားလေးနဲ့ ကျေးရွာတစ်ခုက အပျိုကြီးမမတို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုဇာတ်အိမ်တည်ထားပါတယ်။ အိမ်ရှေ့စံ မင်းသားလေး Lee Yool ဟာ နန်းတွင်းထဲမှာ ဇီဇာကြောင်သူတစ်ဦးဖြစ်ပြီး ဘယ်သူနဲ့မှ တည့်တဲ့သူလည်း မဟုတ်ပါဘူး တစ်နေ့တော့ နန်းတွင်းလုပ်ကြံမှုတစ်ခုကနေ လွတ်မြောက်ခဲ့ပေမယ့် တောင်စောင်းတခုပေါ်ကနေ ပြုတ်ကျပြီး သေလုနီးပါးဖြစ်ခဲ့ရပါတယ် လူကတော့ အသက်ဘေးကနေ လွတ်ခဲ့ပေမယ့် ရက် ၁၀၀ လောက် အတိတ်မေ့သွားခဲ့ပါတယ် အဲဒီနောက် အိမ်ရှေ့စံ Lee Yool ဟာ Wondeuk ဆိုတဲ့ လူအနေနဲ့ ကျေးရွာတစ်ခုကို ရောက်သွားခဲ့ပြီး အဲဒီရွာမှာနေ ထိုင်တဲ့ အပျိုကြီးမမ Hong shim နဲ့ တွေ့ဆုံခဲ့ပါတယ်။ အိမ်ရှေ့စံမင်းသား Lee Yool ထုတ်ထားတဲ့ ဥပဒေအရ အိမ်ထောင်မပြုမနေရ အခြေအနေဖြစ်နေတဲ့ Hong Shim ဟာ ကံကြမ္မာဖန်လာလို့ ဆုံတွေ့ခဲ့ရတဲ့ Wondeuk နဲ့ လက်ထပ်ရဖို့ ဖြစ်လာပါတော့တယ်။ အိမ်ရှေ့စံမင်းသားဘဝတုန်းက စေ့စပ်သေချာသလောက် အတိတ်မေ့ သာမန်အရပ်သားဘဝမှာတော့ အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ Lee Yool တဖြစ်လဲ Wondeuk နဲ့ အိမ်ထောင်မပြုရင် ဥပဒေငြိစွန်းတော့မယ့် အပျိုကြီးမမ Hong Shim တို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဂျိုဆွန်းခေတ်မှာ ဖြစ်ပေါ်ခဲ့ပါတော့တယ်. အပိုင်း ၁၅ ပိုင်းပါဝင်မှာဖြစ်ပြီး တနင်္လာနဲ့ အင်္ဂါည ၉ နာရီ ၃၀ မိနစ်အချိန်တိုင်း tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ် Review by Y Nay