-
Movie Name
-
Master Of My Own (2022)
-
Year
-
2022
-
Generes
-
Comedy, Drama, Romance
-
Code
-
SC0523
-
Type
-
Series
-
Size
-
8.79 GB
-
Country
-
China
-
Description
-
1-32 Completed
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့
Master Of My Own ဆိုတဲ့ကားလေးပဲ ဖြစ်ပါတယ်
Casts တွေကို ပြောပြရမယ်ဆိုရင်
ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာ Lu Jiming အဖြစ်
Princess Agent ထဲက မင်းသား Lin Gengxin
ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာ တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့
ကောင်မလေး Ning Meng အဖြစ်
Go Ahead, Mayang Street အစရှိတဲ့ ဇာတ်ကားကောင်းများစွာကို
ရိုက်ကူးထားတဲ့ မင်းသမီး Tang Songyun တိုကပါဝင်ထားကြတာပဲဖြစ်ပါတယ်
ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာတစ်ယောက်ဖြစ်ဖို
အိမ်မက်မက်ခဲ့ရတဲ့ ကောင်မလေး Ning Mengဟာ
ဘွဲရပြီးနောက်မှာတော့ Lu Jiming ရဲ့ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာ
အတွင်းရေးမှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး
အိမ်မက်နဲ့ တစ်စတစ်စ ပိုလိုဝေးလာခဲ့ပါတော့တယ်
Lu Jiming ကလည်း Ning Meng ဟာ
ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာတစ်ယောက် မဖြစ်နိုင်ဘူးလို
သတ်မှတ်ထားတာကြောင့် Ning Meng တစ်ယောက်
အိမ်မက်နဲ့ အလှမ်းဝေးလာခဲ့တဲ့အချိန်မှာ စိတ်ညစ်ခဲ့ရပေမယ့်
လက်မလျှော့ဘဲ နောက်ထပ်အလုပ်တစ်ခုမှာ
အရင်က ရရှိခဲ့တဲ့ သင်ခန်းစာတွေကို
နမူနာယူရင်းကြိုးစားခဲ့ပါတော့တယ် တကယ်တမ်းနောက်ကွယ်မှာ
Lu Jiming က Ning Meng ကိုကူညီပေးနေခဲ့တာပါ
အိမ်မက်ဆိုတာ မက်ဖိုသာလွယ်သလောက်
အကောင်ထည်ဖော်ရတာ ခက်ခဲပါတယ်
ကဲအဲ့တော့ နောက်ပိုင်းမှာ Ning Mengက
သူ့အိမ်မက်ကို အကောင်ထည်ဖော်နိုင်သွားမှာလား
ဘယ်လို အခက်အခဲတွေနဲ့ကြုံရမှာလဲ
ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမှာလဲဆိုတာကို
CM ကနေမကြာခင်မှာတင်တင်ဆက်ပေးတော့မယ့်
Master of My Own ဆိုတဲ့ကားလေးကို
စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်