Movie Name
Breath (2022)
Year
2022
Generes
Drama, Thriller
Code
EN1182
Type
Movie
Size
774 MB
Country
Hollywood
Description
Breath (2022) Survival Thriller ကားတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၂ ခုနှစ် ရဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဘူမိဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ လော်ရာ ဟာ အမြဲတမ်း အလုပ်ကိုပဲရှေ့တန်းတင်ပြီး အလုပ်မှာအမြဲစိတ်နှစ်ထားသူတစ်ယောက်ပါ။ သူဟာ ခရစ္စတင်း လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရယ် ပြီးတော့ သူ့အဖေရယ်နဲ့ အတူတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ မီးတောင်တွေနဲ့ ကမ္ဘာမြေကြီးလှုပ်ရှားတဲ့လေ့လာရေးမှာ သူ့အလုပ်ပါတနာ အဒမ် ဆိုသူနဲ့ မီးတောင်တစ်တောင်ပေါ်တက်ခဲ့ပါတယ်။ ညနေမှောင်လာတဲ့ အချိန်မှာတော့ အဒမ် က အရင်ဆင်းသွားနှင့်ပြီး သူမကတော့ မြေကြီးနမူနာ ယူဖို့ နောက်မှဆင်းလာခဲ့မယ်ဆိုပြီး နေခဲ့ပါတယ်။ ဒီလိုနဲ့ သူမတစ်ယောက်တည်း ပြန်ဆင်းလာရင်း ကံဆိုးစွာနဲ့ မီးတောင်အလယ်က တွင်းနက်ကြီးထဲကို ကျသွားခဲ့ပါတယ်။ လော်ရာ တစ်ယောက် ကူသူမဲ့ တစ်ယောက်တည်း ဘယ်လို တွင်းနက်ကြီးထဲကနေ ရုန်းထွက်မယ်ဆိုတာကတော့ Survival ကားတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်တစား ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။