-
Movie Name
-
Our Father (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
EN1189
-
Type
-
Movie
-
Size
-
751 MB
-
Country
-
Hollywood
-
Description
-
ဒါကတော့ အမေရိကန်နိုင်ငံ Indiana ပြည်နယ်ကနာမည်ကျော်အမှုတစ်မှုအကြောင်းရိုက်ထားတဲ့ Documentary ပါ။Doctor Donald Cline ဆိုတဲ့Fertility (မျိုးပွား) specialist တစ်ယောက်ဟာသူရဲ့လူနာအမျိုးသမီးအများအပြားကို သူတို့ခွင့်ပြုချက်မပါဘဲ သူ့ရဲ့ သုတ်ပိုးနဲ့ကိုယ်၀န်တည်စေခဲ့ပါတယ်။
လူနာအမျိုးသမီးတွေကတော့ အပြင်အလှူရှင်ရဲ့ သုတ် သို့မဟုတ် သူတို့အမျိုးသားတွေရဲ့ သုတ်လို့ပဲ ထင်နေကြတာပါ။
နှစ်ပေါင်းများစွာကြာချိန်မှာတော့ DNA နည်းပညာတွေတိုးတက်ထွန်းကားလာတာကြောင့်အမျိုးသမီးတစ်ယောက်ဟာ DNA စစ်ကြည့်ရင်းနဲ့ သူ့မှာ ဖအေတူမအေကွဲ မောင်နှမ ညီအစ်မတွေအများကြီးရှိတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။သူတို့မောင်နှမတွေစုပေါင်းပြီး တရားခံကိုဖော်ထုတ်ပြီး တရားစွဲဖို့ကြိုးစားကြပုံကို ရိုက်ကူးထားပါတယ်။ဖြစ်ရပ်မှန်ဆိုတာ ဇာတ်လမ်းထက်ပိုဆန်းတယ် ဆိုတဲ့အတိုင်း မယုံနိုင်စရာ ဒီအမှုဟာနောက်ဆုံးဘယ်လိုပြီးသွားလဲ၊ ကျုးလွန်ခံရသူတွေကရော သူတို့ဘ၀ကိုဘယ်လို လက်ခံကြမလဲ၊ ဒီဆရာ၀န်ကလည်း ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာအဖြေရှာကြပုံကို ကြည့်ရှူရမှာပါ။