-
Movie Name
-
Real Bond (2022) (သံယောဇဉ်နှောင်ကြိုး)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
ST0544
-
Type
-
Series
-
Size
-
19.5 GB
-
Country
-
Thai
-
Description
-
Real Bond (2022)
“သံယောဇဉ်နှောင်ကြိုး”အပိုင်း (၃၀) စ/ဆုံး
………………………………
အေ့ပွန်ဆိုတဲ့ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်မှာ သားလေးနှစ်ယောက်ရှိသတဲ့
သားအကြီးက မိန်းမလှည့်စားတာ ခံရလို သက်သေသွားသောကြောင့်
သားအငယ်နဲ့ပတ်သက်ပြီး အမြဲ ထိလွယ်ရှလွယ်တဲ့ သူတစ်ဦးဖြစ်ပါတယ်….
တစ်နေ့တော့ သားအငယ်ဖြစ်သူ ဖာနုကို သူငယ်ချင်းသမီးနဲ့ လက်ထပ်ပေးဖို့ အခြေအနေ ဖန်လာပါတော့တယ်
ဒါပေမယ့် ဖာနုက အမေ ပေးစားတဲ့ အမျိုးသမီးကို လက်မထပ်နိုင်ပဲ သူ ချစ်ရတဲ့ အမျိုးသမီး ဖြစ်တဲ့
မတ်ဖီလ်ဆိုတဲ့ ကောင်မလေးကို ဗိုက်တစ်လုံးနဲ့ အိမ်ပေါ်ခေါ်တင်လာတယ်…
အဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့သားအငယ်နဲ့ လုံးဝ သဘောမတူနိုင်ပေမယ့်
သားရဲ့ အလိုကို မလွန်ဆန်နိုင်သောကြောင့် မတ်ဖီလ်ကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပါတော့တယ်…
တစ်ကယ်တမ်းတော့ မတ်ဖီလ်ကို နှမ်းတစ်စေ့စာတောင် ကြည့်မရခဲ့ပါဘူး….
တစ်ဖန် ဖာနုသည်လည်း ဝါသနာပါနေတဲ့ ရှေ့နေအလုပ်ကို လုပ်ရင်း
စီးပွားရေးအဆင်မပြေတာကြောင့် မိသားစု စီးပွားရေးကိုပဲ ဆက်လုပ်ဖို့ အခြေအနေ ဖန်လာပါတော့တယ်….
ဒါပေမယ့် တစ်နေ့မှာ ကံကြမ္မာအရ သူ့သားလေးကို ပုံစံခွက်ထဲ ထည့်ဖို အခွင့်အရေးရောက်လာပါတော့တယ်….
ထိုအခွင့်အရေးကတော့ ဖာနုကို ဥရောပမှာ ရှိတဲ့ အလုပ်ဆီကို သွားဖို့ပါ
အဲ့ဒီလိုနဲ့ မိသားစုစီးပွားရေးအခြေအနေကြောင့် ဖာနုမှာ မငြင်းမဆန်နိုင်ဖြစ်ကာ သွားခဲ့ရပါတော့တယ်…
ထိုအချိန်မှာ ကြီးမားကျယ်ဝန်းလှတဲ့ အိမ်ကြီးထဲမှာ မတ်ဖီလ်ဟာ ယောက္ခမကြီးနဲ့ ကျန်ခဲ့စဉ်
သူ့ယောက္ခမက မတ်ဖီလ်ကို ဘယ်လို မောင်းထုတ်ဖို့ နည်းမျိုးစုံ ကြံစည်သလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်