Movie Name
Save The Cinema (2022)
Year
2022
Generes
Drama
Code
EN1194
Type
Movie
Size
974 MB
Country
Hollywood
Description
ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb – 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ကောင်စီအစည်းအ​ဝေးကြီးမှာမထင်မှတ်ဘဲ မဲရှုံးနိမ့်သွားခဲ့တာ​ကြောင့် ရုပ်ရှင်ရုံဖြိုချဖို့ အဆိုက အတည်ဖြစ်လာတဲ့အခါ လစ်ရစ်ရုံကြီးကို ကယ်တင်နိုင်ဖို့အတွက် မြို့ခံ​တွေဟာ ​မြို့​တော်ဝန်နဲ့ ထိပ်တိုင်​တွေ့ရပါ​တော့တယ်။