Movie Name
Back To The Jurassic (2015)
Year
2015
Generes
Animation
Code
03299
Type
Movie
Size
859 MB
Country
Hollywood
Description
2015 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Back To The Jurassic ဆိုတဲ့ Animation ကားလေးတစ်ကားနဲ့မိတ်ဆက် ပေးချင်ပါတယ်..ဇာတ်လမ်းဟာ IMDb Rating 5.6 ရရှိထားပြီး စိတ်အပန်းဖြေကြည့်ဖို့အတွက်သင့်တော် တဲ့ ဇာတ်လမ်းကောင်းလေးပါ အန်ရင်းဆိုတဲ့ကောင်လေးဟာ သူ့အမေ ပြောစကားကိုဆိုရင် မလိမ့်တပတ်လုပ်ပြီးအမြဲတမ်းတလွဲ လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်..သူ့မှာ ဂျော်ဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ် သူ့အပေါ်မှာအမြဲတမ်းချောက်ချပြီး ပြသနာဖြစ်အောင်လုပ်တဲ့ညီမလေးပေါ့..အန်ရင်းဟာ ထူးထူးခြားခြား ဒိုင်နိုဆောတွေနဲ့ ပတ်သတ်ပြီး သဘောကျကာ..လေ့လာရတာ ဝါသနာထုံပါတယ်..ဒိုင်နိုဆောပြတိုက် ကြီးမှာလည်းသူအမြဲတမ်းသွားရောက်လေ့လာတတ်ပါတယ်.. တစ်နေ့မှာ အန်ရင်းရဲ့အမေဟာ တစ်နှစ်တာအတွက် Mother Of The Year ဆုကိုလက်ခံဖို့အတွက် သွားတဲ့အချိန်မှာ အန်ရင်းကိုသူ့ဆိုင်စောင့်ဖို့အတွက်စေခိုင်းခဲ့ပါတယ်..အန်ရင်းဟာ အမေစကားကို နားမထောင်ပဲနဲ့ သူ့သူငယ်ချင်း မက်စ် နဲ့အတူ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ထဲက ကန့်သတ်ထားတဲ့ အခန်းကို ခိုးဝင်ခဲ့ပါတယ်..ကံဆိုးချင်တော့သူ့ညီမဖြစ်သူ ဂျော် ကလိုက်ပါလာပြီး အချက်ပေးစနစ်ကို မြည်အောင်လုပ်လိုက်တော့ လူမိသွားပါတော့တယ်..ဒါကြောင့် အန်ရင်းကို သူ့အမေက သုံးပတ် အခန်းထဲပိတ်ထားမယ်လို့ အပြစ်ဒဏ်ပေးလိုက်ပါတယ်..အန်ရင်းဟာအခန်းထဲကနေခိုးထွက်ပြီးတော့ သူ့သူငယ်ချင်းမက်စ် အိမ်ကိုခိုးသွားပါတယ်..အန်ရင်းခိုးထွက်တာကို မြင်တဲ့ ဂျော်ကလည်းနောက်ကနေ လိုက်လာပြီး အကွက်ဆင်ဖို့ချောင်းနေပါတယ်..မက်စ်ရဲ့အဖေဟာ တီထွင်တာတွေဝါသနာပါတဲ့သူ တစ်ယောက်ဖြစ်ပြီး အချိန်ခရီးသွားစက်ကိုတီထွင်နေတာ လေးနှစ်တာ ကြာခဲ့ပါပြီ..ချို့ယွင်းချက်တစ်ခု ကြောင့် ပါဝါမတက်နိုင်ပဲဖြစ်နေပါတယ်..မက်စ်ရဲ့အဖေဟာ ဒီခရီးသွားစက်ကို အန်ရင်းနဲ့မက်စ်ကို ပြသလိုက်ပြီး အပြင်ဘက်မှာအလုပ်ထွက်လုပ်နေပါတယ်..အဲ့အချိန်မှာ အန်ရင်းကို ခိုးလိုက်လာတဲ့ သူ့ညီမ ဂျော်က သူ့အမေ နဲ့တိုင်ဖို့်အတွက် ဓါတ်ပုံထွက်ရိုက်လာပါတယ်..ဒီတော့ အန်ရင်းက ဂျော်ကိုလိုက်ဖမ်းရာက ပြေးလွှားနေရင်းနဲ့ အန်ရင်းလက်ထဲမှာကိုင်ထားတဲ့ကိုလာဗူးက ကိုလာအချို့ဟာ အချိန်ခရီးသွားစက်ပေါ်ကိုကျရောက်ပြီး စက်က ပါဝါအသက်ဝင်လာပြီး စတင်အလုပ်လုပ်ပါတယ်.. ပြေးလွှားနေတဲ့အချိန် မှာသတိမထားမိပေမယ့် စက်အသက်ဝင်လာတဲ့အချိန်မှာ အန်ရင်း , မက်စ် နဲ့ ဂျော်တို့ဟာ မထင်မှတ်ပဲ စက်ထဲမှာပိတ်ပြီးပါသွားတယ်..စက်ကိုဖွင့်ကြည့်ပြီးအပြင်ထွက်လိုက်တဲ့အချိန်