-
Movie Name
-
Twisted Fated Of Love(ချစ်ကံကြမ္မာ လှည့်စားရာ) (2020)
-
Year
-
2020
-
Generes
-
Fantasy, Historical, Romance
-
Code
-
SC0527
-
Type
-
Series
-
Size
-
13.8 GB
-
Country
-
China
-
Description
-
1-43complete
နံပါတ်သုံးမင်းသား ဖန်းယွီနဲ့ အမတ်ဖြစ်တဲ့ ဖုန်းရှီတို့ဟာ ညီအစ်ကိုလိုနှစ်ပေါင်းများစွာခင်မင်လာတဲ့သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ တစ်ရက်မှာ သူတို့သူငယ်ချင်းနှစ်ယောက်ကို စိတ်ဝမ်းကွဲဖို့ဖြစ်လာစေတာကတော့ သုံယွဲ့ဆိုတဲ့မိန်းကလေးကြောင့်ပါပဲ။ သုံယွဲ့ဟာတင်းယွမ်းပုန်ကန်မှုကိုတားဆီးဖို့ စစ်သူကြီးပေးအပ်တဲ့တာဝန်နဲ့စေလွှတ်ခံရတဲ့မိန်းကလေးဖြစ်ပါတယ်၊ သူမသွားတဲ့လမ်းခရီးမှာ ဖုန်းရှီနဲ့ဖန်းယွီတို့ ညီအကိုနဲ့တွေ့ဆုံမိကြတဲ့အခါ....
ဒီမိန်းကလေးတစ်ယောက်တည်းကိုပဲ သူငယ်ချင်းရောင်းရင်းနှစ်ယောက်ကတပြိုက်တည်းချစ်မိကြပါတော့တယ်..။
တိုင်းပြည်ကို ဖျက်ဆီးဖို့ကြံနေတဲ့ လုယွမ်ထန်ရဲ့အကြံကိုတားဆီးဖို့ သုံယွဲ့တစ်ယောက် ဖုန်းရှီနဲ့ဖန်းယွီတို့ရဲ့ အကူအညီကို မဖြစ်မနေလိုအပ်လာတဲ့အခါ သူတို့နဲ့အနီးကပ်ပတ်သတ်ရင်း သူမကရောဘယ်သူ့ကိုချစ်မိသွားမလဲ..?
တစ်ယောက်ကိုသာရွေးချယ်လိုက်ရင် ဖုန်းရှီနဲ့ဖန်းယွီတို့အရင်လိုချစ်ချစ်ခင်ခင်နေနိုင်ကြဦးမလား..?
သုံယွဲကရော သူရဲ့တာဝန်ကိုပြီးအောင်ဆောင်ရွက်နိုင်ပါ့မလား...?
သူတို့သုံးယောက်ရဲ့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော ဘယ်လိုအဆုံးသတ်မလဲ..?
ညီအကိုနှစ်ယောက်ကရော အရင်အတိုင်းပြန်လည်သင့်မြတ်နိုင်ပါ့မလား.. ဆိုတာကြည့်ရမယ့် Historical, Romance, Drama ဖြစ်ပါတယ်