-
Movie Name
-
Stranger Things (2016-2022) (S1 To S4)
-
Year
-
2016
-
Generes
-
Drama, Fantasy, Horror
-
Code
-
SE0052
-
Type
-
Series
-
Size
-
13.3 GB
-
Country
-
Hollywood
-
Description
-
1-40 Completed
သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူ ပရိသတ်တွေအတွက်ကတော့
အကြိုက်ဖြစ်မှာပါ။လက်ရှိ Season 2အထိ ထွက်ရှိထားတဲ့ ဒီစီးရီးလေးက ၁၉၈၀ခုနှစ်များမှာ
ဇာတ်အိမ်တည်ထားပါတယ်။ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ်
ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။
လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက်
The Screen Actors Guild Award ဆု နဲ့ the 69th Primetime Emmy Awardsအတွက်
လျာထားခံရတဲ့ ဆုက၁၈ဆု ဒါ့အပြင် Outstanding Drama Series ဆုတွေပါရရှိထားတာပါ။
Imdb Rating 8.9/10 , Rotten Tomatoes Rating 96% ရရှိထားတဲ့
ဒီSeries လေးက အပြိုင်အဆိုင်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွဲတွေရဲ့ အစဉ်အလာကနေ
ဘယ်လိုဖောက်ထွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့………..
2016 ခုနှစ်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစား miniseries လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီလောကနဲ့ အပြိုင်တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့
ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။ ဒီလိုစိတ်ကူးတွေကို ဒီစီးရီးလေးက
ပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့……..
ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။
ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊
ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊
သိပ္ပံပညာကို ဝါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊
လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ်
အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။
ဟော့ကင်းမြို့လေး နဲ့ မနီးမဝေးမှာ အမေရိကန်အစိုးရရဲ့ သုတေသနဌာနကြီးတစ်ခုရှိပါတယ်။
အဲဒီဌာနကတော့ အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့
သုတေသနဌာနကြီးပါပဲ။ တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။
တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့ ဘာဆိုဘာမှသိပ်မသိပေမယ့်
စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်း
ဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။
-ဘာကြောင့် ဝေလ်က ပျောက်ဆုံးသွားရတာလဲ
– ဝေလ် ပျောက်ဆုံးမှုကရော အဲလ်လဗင်းနဲ့ ဘယ်လိုများဆက်စပ်ပတ်သတ်နေလဲ
– သူတို့ အချစ်ဆုံးသူငယ်ချင်းလေး ဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေ
ဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ပါ။
(ဒီစီးရီးလေးနဲ့ပတ်သတ်ပြီး ထူးခြားချက်လေးက ကလေးသရုပ်ဆောင်တွေကို
အဓိကနေရာကနေထားပြီး သုံးသွားတာပါ။ ဒါပေမယ့် ဒီစီးရီးက ကလေးပရိသတ်အတွက်
သီးသန့်စီးရီးလိုမျိုး မဟုတ်ပါဘူး။ ဒီကားကို Netflix က မထုတ်လွင့်ခင်က
တခြားရုပ်သံလိုင်းပေါင်း ၁၅ ခုက ကလေးတွေနဲ့ပဲ အဓိက သရုပ်ဆောင်ထားလို့ ငြင်းပယ်ခဲ့ဖူးပါတယ်တဲ့။
ဒီကားကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ဒါရိုက်တာက ကလေးသရုပ်ဆောင်ပေါင်း ၁၀၀၀ ကျော်လောက်နဲ့
စမ်းရိုက်ကြည့်ပြီးမှ ဒီအဓိကဇာတ်ဆောင် ကလေးတွေကို ရွေးချယ်ထားတာပါ။
ဒါကြောင့်လည်း Season 1 ထုတ်လွင့်ပြီးချိန်မှာ အရမ်းကိုလူကြိုက်များအောင်မြင်ခဲ့ပါတယ်။
Stranger Things Season 4 (2022)
IMDb Rating – 8.7/10
Stranger Things Season 4 ကတော့ မေလ 27 ရက်နေ့မှာ ပရိသတ်ရှေ့
ပြန်ရောက်လာပါပြီ။ Part 1 Part 2 ခွဲပြသွားမှာဖြစ်ပြီး Part 1 ကို မေလ 27
ရက်နေ့ မှာ စကြည့်လို့ရမှာဖြစ်ပြီး Part 2 ကတော့ July 1 ရက်နေ့မှာ ကြည့်
လို့ရမှာပါ။ စုစုပေါင်း ကိုးပိုင်းရှိမှာဖြစ်ပါတယ်။
(Final Season က Season 5 မှလို့ သတင်းထွက်ထားပါတယ်။)
ထူးဆန်းဖို့ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေဖြစ်ပွားခဲ့တဲ့ Hawkins
မြို့လေးကို Eleven တို့ စွန့်လွှတ်ကာ ရွှေ့ပြောင်းခဲ့ပေမဲ့ ဖြစ်ရပ်ဆန်းတွေက
သူတို့နောက် လိုက်လာသလား။ ဒါမှ မဟုတ် Hawkins မြို့လေးကပဲ သူတို့
အဖွဲ့ကို ပြန်ခေါ်နေသလား ဆိုတာကတော့ Season 04 မှာသိရတော့မှာပါ။
ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ Jim Hopper ကလည်း မသေဘူးဆိုတော့ သူ့ရဲ့
စွန့်စားခန်းတွေပါ ကြည့်ရမှာ ဖြစ်ပါတယ်။
( ရိုမန့်တွေ ဒရမ်မာတွေ ဇွတ်ထည့်ထားပြီးတမင် အချိန်ဆွဲထားတယ်လို့လည်း
ဖန်အချို့က ပြောဆိုထားတာတွေ ရှိနေတော့ ဘယ်လိုတွေ ပြင်ပြီးရိုက်ထားကြ
မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။)
ရှေ့ Season တွေထက် ပိုကြမ်းပြီး ပိုကြောက်စရာကောင်းရုံသာမက တစ်ချို့
အပိုင်းတွေဆို သာမန်စီးရီးရုပ်ရှင်တွေထက် runtime ပိုရှည်မယ်လို့ စီးရီးကို
ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ဆိုထားကြပါတယ်။