Movie Name
Ranjish Hi.Sahi (2022)
Year
2022
Generes
Drama
Code
SIND0030
Type
Series
Size
2.28 GB
Country
Bollywood
Description
1-8 Completed ဘောလိ၀ုဒ် စီးရီးပရိသတ်များအတွက် အခုတစ်ခါမှာဆိုရင် ၂၀၂၂ ဇန်နဝါရီလမှာ ထွက်ရှိထားပြီး ဒါရိုက်တာ Mahesh Bhatt နဲ့ မင်းသမီး Parveen Babi ကြားက ပတ်သက်မှုကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းအဖြစ် လူပြောများခဲ့ကြတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ဒီစီးရီးလေးကို ဒါရိုက်တာ Pushpdeep ကရိုက်ကူးပုံဖော်ခဲ့ပြီး မင်းသား Tahir Raj နဲ့ မင်းသမီး Amrita တို့ ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း ရှစ်ပိုင်း ပါဝင်ပါတယ် ဇာတ်လမ်းလေးမှာ လွတ်လပ်စွာ ရုပ်ရှင်ရိုက်ကူးတတ်ပြီး အများနဲ့မတူ တမူထူးခြားနေတဲ့ ဒါရိုက်တာလေး ရှန်ခါ ….. လူတွေရဲ့ ရင်ထဲကို စွဲကျန်ရစ်နေမယ့် ဇာတ်ညွှန်းနဲ့ နာမည်ကြီး မင်းသမီး အမ်နာ ပါဝစ်ရှ်ကို ဇာတ်ဆောင်အဖြစ် ထားကာ ရုပ်ရှင်ရိုက်ကူးချင်နေတဲ့ သမီးလေးတစ်ယောက် ဖေဖေ ရှန်ခါတစ်ယောက် …. မမျှော်လင့်ဘဲနဲ့ သူ့စိတ်ကူးထဲက မင်းသမီး အမ်နာ ပါဝစ်ရှ်နဲ့ ကံကြမ္မာအကြောင်းဖန်လာပြီး တွေ့ဆုံရာကနေ သာမန်ထက်ပိုတဲ့ ဆက်ဆံရေးတွေ ဖြစ်လာတဲ့အချိန် အဲဒီ နှောင်ကြိုးတွေထဲကနေ ရှန်ခါတစ်ယောက် ရုန်းထွက်နိုင်ပါ့မလား ” ကမ္ဘာပေါ်မှာ အမုန်းဆုံးလူဆိုတာ တစ်ယောက်ထဲရှိတယ် အဲဒါ အဖေပဲ ” ဆိုပြီး အမေနဲ့သားကိုပစ်ပြီး နောက်မိန်းမကို ရွေးချယ်သွားလို့ အဖေကို မုန်းနေခဲ့တဲ့ ရှန်ခါကရော သူ့အဖေလမ်းစဉ်နောက်ကိုပဲ ဆက်လိုက်ဦးမှာလား ဇနီးသည်နဲ့ သမီးလေးကို ရွေးချယ်မှာလား ….. ” ကျွန်မကို ဘယ်သူမှ တားဆီးလို့မရဘူး ” လို့ ပြောခဲ့တဲ့ အိမ်ထောင်သည် ဒါရိုက်တာလေးရှန်ခါ ကိုမှ အရူးအမူး ချစ်မိပြီး မစားနိုင် မအိပ်နိုင်ဖြစ်နေရတဲ့ နာမည်ကျော် မင်းသမီး အမ်နာ ပါဝစ်ရှ် …. သူကရော လက်မလျှော့ဘဲ အဆုံးအစွန်ထိ ဆက်သွားမှာလား အမှန်တရားကိုလက်ခံသွားနိုင်မှာလား …. ဒါမှမဟုတ် ရှန်ခါကရော တစ်ခါမှားလိုက်မိတဲ့ အမှားကို ထပ်ခါ ထပ်ခါ ထပ်မှားနေဦးမလား ယောက်ျားတစ်ယောက်အနေနဲ့ ဖခင်တစ်ယောက်အနေနဲ့ သားတစ်ယောက်အနေနဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ ချစ်တတ်သူတစ်ယောက်အနေနဲ့ ရှန်ခါတစ်ယောက် ဘယ်လိုတွေ ဆုံးဖြတ်ချက်ချသွားမလဲဆိုတာ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုခံစားပေးပါဦးနော်