Movie Name
The Lincoln Lawyer (2022)
Year
2022
Generes
Crime, Drama
Code
SE0256
Type
Series
Size
7.05 GB
Country
Hollywood
Description
1-10 Completed The Lincoln Lawyer (2022) သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား၊ ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား၊ ​လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား၊ ကားအ​ကောင်းစား တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား၊ ဒါ​တွေအားလုံး Neflix က ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ မြင်​တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန် သိကြမှာပါ။ မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေ တစ်​ယောက်​ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ ​ကျော်ကြားခဲ့သူ​ပေါ့၊ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုက ဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့။ ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား၊ ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်၊ အ​ကြောင်းက မစ်ကီရဲ့ လုပ်​ဖော်ကိုင်​ဖက်ဖြစ်သူ၊ ကားပါကင်ထဲ ​သေနတ်နဲ့ လုပ်ကြံခံလိုက်ရသူ ​ရှေ့​နေ ဂျယ်ရီဗင်းဆင့်ဟာ သူမ​သေခင် ၁၀ရက်အလိုကတည်းက “သူ​သေခဲ့​သော် သူ့ရဲ့လက်ရှိအမှုအားလုံး မစ်ကီကိုလွှဲအပ်ပါတယ်”ဆိုပြီး တရားရုံးမှာ ကြိုတင်ပြီး ​လျှောက်ထားခဲ့လို့ပါ။ ဒီလိုနဲ့ပဲ အမှုလက်မဲ့ဖြစ်​နေတဲ့ မစ်ကီတစ်​ယောက် သွား​လေသူ လုပ်​ဖော်ကိုင်ဖက်ရဲ့ ခိုးမှုအစ၊လူသတ်မှု​အဆုံး အမှုပေါင်းစုံကို လင်ကွန်းကားတစ်စီးနဲ့ ​ရှေ့​နေလိုက်ရပါ ​​တော့တယ်၊ ဒါ​ပေမဲ့ ဂျယ်ရီဗင်းဆင့်ကိုသတ်ခဲ့တဲ့ လူသတ်သမားက သူ့အမှု​တွေကို လက်လွှဲယူခဲ့တဲ့ မစ်ကီကိုပါ လုပ်ကြံဖို့ကြိုးစားလာတဲ့အခါ…