-
Movie Name
-
Look At Me XXXTentacion (2022)
-
Year
-
2023
-
Generes
-
Documentary
-
Code
-
EN1202
-
Type
-
Movie
-
Size
-
848 MB
-
Country
-
Hollywood
-
Description
-
Look at Me: XXXTentacion
IMDb-7/10, Rotten Tomatoes-89%
ဒီ Documentary မှာတော့ ရက်ပ် ဆိုရင်လည်း ကြမ်းပြီး သီချင်းဆိုရင်လည်း
ချိုတဲ့ ကျွန်တော်တို့ရဲ့ ကွယ်လွန်လေပြီးသော စွယ်စုံရအဆိုတော်ကြီး XXXTentacion (Jahseh Onfroy) ရဲ့
ဘဝဇာတ်ကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်
X ဟာ အသက် ၁၀နှစ်အရွယ်တည်းက စိတ်ကျဝေဒနာရှင်ဖြစ်ခဲ့တာပါ သူ့ရဲ့ဂီတလမ်းကြောင်းကလည်း ဟိုးအစတည်းက
သူ့ရဲ့ရွေးချယ်မှုကြောင့်ရော ဘေးလူတွေကြောင့်ပါ မထင်မှတ်ထားလောက်အောင်
ကြမ်းတမ်းပြီးအကျည်းတန်ခဲ့ပါတယ် သို့သော် သူ့သီချင်းတွေကတော့ လူအများကြီးရဲ့ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်…
သူ့အကြောင်းကိုဖော်ပြသွားတဲ့နေရာမှာလည်း မိသားစု သူငယ်ချင်း ချစ်သူ လုပ်ဖော်ကိုင်ဖက် ပရိတ်သတ် စသဖြင့်
ရှုထောင့်ပေါင်းစုံကနေရိုက်ပြထားတာဖြစ်တဲ့အတွက် X ကိုအမြင်မျိုးစုံနဲ့မြင်ရမှာပါ အားလုံးထက်
X ကိုယ်တိုင်ဖြေထားတဲ့ Interview တွေနဲ့ ဗီဒီရိုတွေကိုပါ ထည့်သွင်းပြသထားတာကြောင့်
X တစ်ယောက် အသက်ရှင်နေသေးသလားလို့တောင် အောက်မေ့ရမှာဖြစ်ပါတယ်…
ဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ခံစားချက်မျိုးစုံနဲ့
ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီ Documentary လေးကို X fan တွေအတွက်ရော
X fan မဟုတ်တဲ့သူတွေအတွက်ကော ညွှန်းပေးလိုက်ရပါတယ်ဗျာ…