Movie Name
Norwegian Wood (2010)
Year
2010
Generes
Drama, Romance
Code
JP0066
Type
Movie
Size
999 MB
Country
Japan
Description
Norwegian Wood (2010) Norwegian Wood (2010) မူရာကာမိရဲ့ ၀တ္တုရှည်ကို ပြန်ရိုက်ထားပြီး နာမည်ကျော်တဲ့ တစ်ကားတည်းသောကားပါပဲ။ သို့ပေမဲ့ မူရာကာမိ၀တ္တုတိုတွေကို ရိုက်ထားတဲ့ ကျန်တဲ့နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Burningတို့ Drive My Carတို့လို မာစတာပိစ်အဆင့်ထိတော့ ဖြစ်မသွားပေမဲ့ Norwegian Woodကို ရိုက်တဲ့ ပြင်သစ်အခြေစိုက် ဗီယက်နမ် ဒါရိုက်တာTran Anh Hung ဟာ The Scent of Green PaPayaတို့ Cycloတို့လို အရည်အသွေးမြင့် Art Filmတွေကို ရိုက်ခဲ့တဲ့သူဆိုတော့ ခပ်ညံ့ညံ့ကားတော့ မဟုတ်ခဲ့ပါဘူး။ စာမျက်နှာ ၃ရာကျော်စာအုပ်ကြီးကို ခြုံလွှမ်းရိုက်ရတာဆိုတော့ စာအုပ်ဖတ်ဖူးတဲ့သူတွေက စာအုပ်ကပေးချင်တဲ့ အချက်ကိုမရဘူးပြောကြပေမဲ့ စာအုပ် မဖတ်ထားရင် သူ့နည်းသူ့ဟန်ကို ကောင်းကောင်းမြင်နိုင်တယ်ဆိုကြပါတယ်။ Cinematographerက ထိုင်၀မ်သား Mark Lee Ping-bingပါ။ ဝေါင်ကာဝေးရဲ့ In The mood for loveအပြင် ထိုင်၀မ်ရဲ့ဆရာတစ်ဆူဖြစ်တဲ့ Hou Hsiao-Hsienရဲ့ ကားတိုင်းနီးပါးမှာလည်း စီနီမာတိုဂရပ်ဖာလုပ်ခဲ့တဲ့သူပါ။ သူ့စီနီမာကို အသည်းစွဲကြိုက်ကြတဲ့သူတွေမနည်းပါဘူး။ သရုပ်‌ဆောင်တွေက Death Note မူလကားရဲ့ L ဖြစ်တဲ့ Kenichi Matsuyama, Drive My Carထဲက Reika Kirishima, ဘရက်ပစ်ရဲ့ babel, Pacific Rim, 47 Roninsတို့ထဲတောင် ပါဖူးတဲ့ Rinko Kikuchiတို့တွေပါ။ Norwegian Woodဆိုတဲ့ နာမည်ဟာ မူရာကာမိ ယူနေကျအတိုင်း the Betales သီချင်းနာမည်ကို ယူထားတာဖြစ်ပြီး Drive my carဆိုတာလည်း the Betales သီချင်းနာမည်ပါပဲ။ မူရင်း Norwegian Woodစာအုပ်ဟာ မူရာကာမိရဲ့ မစ္စတာပိစ်လို့လည်း ပြောကြပါတယ်။ ဇာတ်လမ်းကတော့ မူကာရာမိဆန်ဆန်ပါပဲ။ မူရင်းစာအုပ်ထဲက စာသားတွေကို Narrativeထည့်ပြောသွားပြီး ပုံဖော်သွားပါတယ်။ မူရာကာမိဖန်တွေ ကြိုက်မယ့် ကျန်တဲ့မူရာကာမိကားတွေအတိုင်း ဇာတ်ကောင်ဗဟိုပြုပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ အဟောင်းပေမဲ့ Art Filmကားကောင်းကောင်း တောင့်တနေတဲ့လူတွေအတွက် Norwegian Woodဟာ ရွှေပါပဲ။