Movie Name
The Emigrants (2021)
Year
2021
Generes
Drama, Historical
Code
EN1212
Type
Movie
Size
1.08 GB
Country
Hollywood
Description
ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင်ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီးစားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက်အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်ကအမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက်အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှုလူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကိုရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်​မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာလာအ​ခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာသရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကားအဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ